မျိုးသန့်
အမေရိကန်နိုင်ငံ သူတစ်ဦးကို အောက်တိုဘာ ၁၉ ရက် ညတစ်နာရီခန့်က ဆိုင်ကယ်တက္ကစီမောင်း အယောင်ဆောင် ထား သူတစ်ဦးက ရေနစ်သတ်၊ မုဒိမ်းကျင့်ရန် ကြံစည်လုပ်ဆောင်ခဲ့ခြင်းတွင် ကျူးလွန်သူ ဟု ယူဆရသူကို ၂၀၁၄ခုနှစ်ကုန်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အမှတ် (၃)၊ ရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ဖြစ်စဉ်အကျဉ်းကိုတော့ ပြောလို့ မရသေးဘူး။ တရားရုံးမှာ စစ်နေတယ်။ ရုံး ချိန်းရှစ်ခေါက်ရှိပြီး ဒီဇင်ဘာလမှ အပြီးသတ်မယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
တရားခံဟု ယူဆရသူကို နေရာတွင်ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်၍ ပုဒ်မ ၃၇၆၊ ၃၇၇၊ ၃၀၇ တို့ဖြင့် အမှုဖွင့်ထား ကာ တရားရုံးတင် စစ်ဆေးမှုများကို လုပ်ဆောင်နေ ခြင်းဖြစ်သည်။
ဖြစ်စဉ်အကျဉ်းမှာ အမေရိကန်နိုင်ငံ သူသည် ည ၁ နာရီခန့်တွင် ဆိုင်ကယ်တက္ကစီဟု ယူဆရသည့်သူကို ဒိုင်းမွန်းပလာဇာရှေ့တွင် ငွေကျပ်နှစ်ထောင်ပေးလျှင် ရလားဟုမေးရာတွင် ခေါင်းညိတ်သဖြင့် မိမိနေရပ်သို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ရန် ငှားရမ်းခဲ့ပြီး ပြန်ပို့ခိုင်းခဲ့သည်။
သို့သော် နေရပ်သို့ ပို့ဆောင်ပေးခြင်း မရှိဘဲ လမ်း ၃၀-၅၉ လမ်းထောင့်တွင် ရွှံ့ရေများရှိသော နေရာအတွင်းသို့ ဆိုင်ကယ်ထိုးချ ကာ ရေနစ်ရန် လုပ်ဆောင်ခြင်း၊ မုဒိမ်းကျင့်ရန် ကြိုးစားခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ အမေရိကန်နိုင်ငံ သူ၏ဆိုရှယ်စာမျက်နှာ (Facebook)တွင် ရေးသားထားသည်။
မန္တလေးခရိုင်အတွင်းတွင် နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်၊ ရေနစ်သတ်ရန် ကြိုးစားခဲ့သည့်ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းမှာ မရှိ ကြောင်း၊ ယခုအကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး မြန်မာအမျိုးသမီးများအနေဖြင့် မိဘ၊ အုပ်ထိန်းသူမပါရှိဘဲ ထွက်တတ်သည့် အလေ့အထမှာ မရှိခြင်းကြောင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်များ မဖြစ်စေရန်အတွက်လည်း အမျိုးသမီးများအနေဖြင့် ညအချိန်တွင် သူစိမ်းများ၏ အကူအညီထက် သက်ဆိုင်ရာ တာဝန်ရှိသူ၊ ရဲများ၏ အကူအညီကို ရယူသင့်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။
No comments:
Post a Comment