နိုင်နိုင်ဇော်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် အောက်တိုဘာလအတွင်း အထပ်မြင့် အဆောက်အအုံ ၁၁၂ လုံးကို ထပ်မံခွင့်ပြုပေးပြီးဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကိုးထပ်ကနေ ၁၂ ထပ်အထိ ၄၇ လုံးခွင့်ပြု ပေးထားတယ်။ ၁၂ ထပ်အ ထက်က ၆၅ လုံးအထိ ခွင့်ပြုပေးထား ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရွှေတိဂုံ ဘုရားဝန်းကျင်အတွင်း အထပ်မြင့်တည် ဆောက်ရာတွင် အမြင့်ပေ ၁၉၀ ၀န်းကျင် အထိသာခွင့်ပြုပေးပြီး ယင်းပြင်ပ၌ ရွှေတိဂုံ ဘုရား၏ ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ၄၁၇ ပေအမြင့်ရှိသည့် အဆောက်အအုံများ ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခုအချိန်တွင် မြေအသုံးချ ရေးဇုန် ၁၁ ဇုန်အထိ ခွဲခြားထားပြီး ယင်းနေရာများတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပါက အထပ်မြင့် တည်ဆောက်ခွင့်ပြုနေခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က “ကျွန်တော်တို့က သတ်မှတ်ချက်နဲ့အညီ အထပ်မြင့်ကို ၄၁၇ ပေအထိ ခွင့်ပြုနေပေမယ့် တချို့တွေက အပြည့်မဆောက်သလို တချို့ တွေက သူတို့ရဲ့ အခက်အခဲတွေကြောင့် အပြည့်မဆောက်နိုင်ကြပါဘူး” ဟု ဆိုသည်။
အထပ်မြင့်များ တည်ဆောက်ရာတွင် ရှေ့မျက်နှာစာလက်ကျန်မှာ လမ်းအနေအထားပေါ် မူတည်ကာ ၁၂ ပေမှ ပေ ၂၀ အထိ သတ်မှတ်ထားကြောင်း၊ ယခုအခါ ယာဉ်ကြောကျပ်တည်းမှုများ ပိုမိုဆိုးရွားလာသည့် အတွက် နောက်ပိုင်း၌ အထပ်မြင့်၊ အထပ်နိမ့် တိုက်ခန်းများ ဆောက်လုပ်ရာတွင် ကားပါကင် မပါမဖြစ် ထည့်သွင်းတည် ဆောက်ရန်ကြပ်မတ်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကော်မတီက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံပေါင်း ၄,၀၀၀ ကျော် ခွင့်ပြု ပေးထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဧရိယာ ၁,၆၀၀ ကျော် စတု ရန်းကီလိုမီတာတွင် မြေဧရိယာ ၃၆၀ စတုရန်း ကီလိုမီတာကို အဆောက်အအုံ ဧရိယာအဖြစ် မြေအသုံးချထားသည်။
စိုက်ပျိုးမြေဧရိယာအဖြစ် စတုရန်း ကီလိုမီတာ ၈၀၀ ကျော်ကို မြေအသုံးချထားပြီး ရန်ကုန်စည်ပင် နယ်နမိတ်အတွင်း မြေအသုံးချမှု၏ ၅၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး အသုံးချထားခြင်း ဖြစ်သည်။
No comments:
Post a Comment