Friday, December 5, 2014

၂၀၁၅ ရွေးကောက် ပွဲအတွက် ရည်မှန်း၍ ပြည်ခိုင် ဖြိုးပါတီက တောင်သူလယ် သမား ညီလာခံ များပြု လုပ်မည်

ဝင်းကိုကိုလတ်

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက် ပွဲများကို မျှော်မှန်း၍ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က တောင်သူ လယ်သမား ညီလာခံ များကို ကျင်းပရန် စီစဉ်နေ သည်ဟု ပါတီဗဟို ကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

ဦးတင့်ဇော်က "လာမယ့် ဒီဇင်ဘာ ၁၅ ရက်လောက်မှာ ပုသိမ်မှာ စလုပ်ဖို့စီစဉ်နေပါတယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

အဆိုပါ တောင်သူ လယ်သမား ညီလာခံများကို ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ မြို့ကြီး များတွင် ပြုလုပ်သွား မည်ဖြစ် သော်လည်း အချို့သော တိုင်းဒေသ ကြီး များတွင်မူ တောင်သူ လယ်သမား များပြားသည့် မြို့ကြီး များတွင် ပြုလုပ် မည်ဟု ဆိုသည်။

ဦးတင့်ဇော်က "ကျွန်တော်တို့ ပါတီက ပြည်သူ့ ပါတီမူဝါဒ ပြောင်းတဲ့ အချိန်မှာ ၇၀ ရာခိုင်နှုန်းသော တောင်သူလယ် သမားတွေ ပါစေချင်တယ်’’ ဟု ဆိုသည်။

ပါတီတစ်ရပ် အနေနှင့် ပြည်သူ့အကျိုးကိုအာ ဏာဆက်လက် ရရှိမှသာထမ်းဆောင်နိုင် မည်ဖြစ်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်လည်း ရည်မှန်း သည်ဟု ဆိုသည်။ ၎င်းက "ညီလာခံတွေမှာ ပညာရှင်တွေ လည်းပါမယ်၊ ပါတီက လူငယ်တွေ လည်းပါမယ်’’ ဟု ဆိုသည်။

No comments: