သိမ့်သဉ္ဇာဇင်
၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း (ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်) အထိ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၃,၂၀၀ ကျော် ရရှိထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းဇယားများ တွင် ဖော်ပြထားသည်။
ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂,၂၃၄ ဒသမ ၉၁၇ သန်းနှင့် နယ်စပ်လမ်းကြောင်းမှ ၁,၀၃၄ ဒသမ ၄၁၉ သန်းဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၃,၂၆၉ ဒသမ ၃၃၆ သန်း တင်ပို့ထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကာလတူ၌ ပင်လယ်ရေကြောင်းဖြင့်သာ ၂,၃၆၅ ဒသမ ၂၄၂ သန်း တင်ပို့ထားသောကြောင့် ယခုနှစ် ကန်ဒေါ်လာ ၉၀၄ သန်း ပိုမိုတင်ပို့ထားခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ ကီလိုဂရမ် သန်း ၆,၀၀၀ ကျော် ပြည်ပသို့ တင်ပို့ထားကာ ပို့ကုန်များ အားလုံး၏ တင်ပို့မှုအများ ဆုံး နေရာ၌ရှိပြီး ဘဏ္ဍာနှစ်ရှစ်လ အတွင်းသွင်းကုန်၊ ပို့ကုန်များ၏ စုစုပေါင်း ကုန် သွယ်ရငွေမှာ ကန်ဒေါ်လာ ၁၉,၄၅၇ ဒသမ ၈၉၉ သန်းဖြစ်သည်။
ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် သဘာဝဓာတ်ငွေ့မှာ အကြီးမားဆုံး ငွေရင်းဖြစ်ပြီး လက်ရှိရရှိထားသော ပို့ကုန်ဝင်ငွေ အခြေအနေများအရ ဘဏ္ဍာနှစ်ကုန်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှကန် ဒေါ်လာ လေးဘီလီယံခန့် ရရှိနိုင်မည် ဖြစ်သည်။ သဘာဝဓာတ်ငွေ့ကို နှစ်စဉ် ကုဗ ပေ ၄၇ ဒသမ ၁၄ ဘီလီယံ ထုတ်လုပ်နေသော်လည်း ပြည်ပသို့ ၇၈ ရာခိုင်နှုန်းတင် ပို့နေခြင်း ဖြစ်သည်။
No comments:
Post a Comment