နိုင်နိုင်ဇော်
ကျောက်ဖြူရေနက် ဆိပ်ကမ်းကို ၂၀၁၅ ဇန်န၀ါရီ ၃၀ ရက်တွင် တရားဝင် ဖွင့်လှစ် မည်ဟု စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇေယျာအောင်က ပြောကြား ခဲ့သည်။
ဒီဇင်ဘာ ၂၂ရက်တွင် ပြုလုပ်သောရေနက်ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းဆိုင်ရာတွေ့ဆုံဆွေးနွေး ပွဲတွင်ဝန်ကြီးကပြော ဆိုခဲ့ခြင်းဖြစ်သည် ဟုကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစောမိုးကျော်က ဆိုသည်။
ဦးစောမိုးကျော်က“အဲဒီနေ့က ကျွန်တော်တို့အဖွဲ့တွေရယ်၊ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော် မတီဝင်တွေရယ် တက်ရောက် တဲ့ပွဲမှာပြည်ထောင်စုဝန်ကြီး ကလာမယ့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှာ ဖွင့်မယ် ဆိုပြီး ပြောဆိုခဲ့တာပါ။ အခုလည်း ရေနက်ဆိပ်ကမ်းက အဆင် သင့်ဖြစ်နေပါပြီ”ဟု ဆိုသည်။
အဆိုပါဖွင့်ပွဲနေ့တွင် တန်ချိန်သုံးသိန်းရှိရေနံတင် သင်္ဘော ဆိုက်ကပ် မှုကိုလည်း တစ်ပါတည်း လုပ်ဆောင် သွားမည်ဟုပြည်ထောင်စု ၀န်ကြီးဦးဇေယျာအောင် ကထည့်သွင်း ပြောဆို ခဲ့သည်။
ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်မှာ ယခုရက် ပိုင်းအတွင်း လာရောက်လေ့ လာမှုများပြုလုပ် ရန်ရှိကြောင်းလည်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။
No comments:
Post a Comment