ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းတွင်တာဝန်ထမ်းဆောင် လျက်ရှိသော ကျောင်းအုပ်ဆရာမကြီး ဒေါ်ထိုက်စံဆိုသူက အင်တာနက် လူမှုကွန်ရက် ဖေစ့်ဘုတ် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြပါ သတင်းဓာတ်ပုံနှင့် ပတ်သက်၍ ဒီဇင်ဘာ ၇ ရက်က သံသယရှိသူ လူငါးဦးကို အရေးယူ ဆောင်ရွက်ပေးရန် စစ်ကိုင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
အမှုဖြစ်စဉ်မှာဒီဇင်ဘာ ၄ ရက်က Thu Wai အမည်ရှိ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကျောင်းသားများ တမံသလင်းပေါ်၌ ထိုင်လျက်စာသင်နေရသည့် မှတ်တမ်းဓာတ်ပုံဖြင့် မဟုတ်မမှန် သတင်းလုပ်ကြံ၍ ထုတ်လွှင့်ခဲ့သူများဟု သံသယရှိ သူ ကိုမင်းမင်း (ခ) ဘိုသု(ခ) အောင်မင်း၊ ဒေါ်ဌေးဌေးဝင်း၊ ကိုမြင့်စိန်၊ ကိုဆန်းဦးနှင့် အမည်မသိလူတစ်ဦး အပါအဝင် အဆိုပါ လူငါးဦးတို့အား အရေးယူပေးရန် ကျောင်းအုပ်ဆရာမကြီးက အမှုဖွင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Thu Waiင အမည်ရှိ အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြော်ပပါ မှတ်တမ်းဓာတ်ပုံနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးရှိ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ရာတွင် ဒီဇင်လာ ၃ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊ အမှတ် (၁၁) အခြေခံ ပညာမူလတန်းကျောင်းမှ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ဌေးဌေးဝေ ဆိုသူက အခြားဝန်ထမ်း မဟုတ်သူများနှင့် အတူ အမှတ်(၇) အခြေခံပညာ မူလတန်း ကျောင်းသို့ ရောက်ရှိလာခဲ့ပြီး စာသင်ခန်းလွတ် တစ်နေရာရှိ တမံတလင်းပေါ်၌ ကျောင်းသားများကို ထိုင်ခိုင်းစေပြီး စာသင်နေသည့်ပုံကဲ့သို့ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီးက တရားလိုပြုလုပ်၍ ဆရာမ ဒေါ်ဌေးဌေးဝေနှင့် အပေါင်းပါများကို အရေးယူပေးပါရန် စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ) ၄၉၁/၂၀၁၄ ပုဒ်မ ၄၄၇/ ၅၀ဝ အရ ရဲစခန်းမှူး ဒု-ရဲမှူးသိင်္ခဝင်းက အမှုရေးဖွင့် လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်
No comments:
Post a Comment