Thursday, December 25, 2014

အပစ်ရပ် ဆွေးနွေးပွဲတွင် လူငယ် များစောင့် ကြည့်ခွင့် NCCT ငြင်းဆို

ခင်မြတ်မြတ်ဝေ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ဆွေးနွေးပွဲများ၌အရပ်ဘက်လူငယ်အဖွဲ့များအနေဖြင့်လေ့ လာသူအဖြစ် တက်ရောက်ရန်တောင်း ဆိုမှုကို NCCTက ငြင်းဆိုလိုက်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့က ကိုသီဟမောင်မောင်က မဇ္ဈိမကို ပြောသည်။

အရပ်ဘက် လူငယ်အဖွဲ့ ၃၀နှင့် NCCT တို့ ဒီဇင်ဘာ ၂၃ရက် ညပိုင်းက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် သီးသန့်တွေ့ ဆုံခဲ့ပြီး လူငယ်အဖွဲ့ များ၏ တောင်းဆို မှုကို NCCTက ငြင်းဆို ခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ပွဲ မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေမှာ လေ့လာသူစောင့် ကြည့်သူ အနေနဲ့ တက်ခွင့် ကိုတောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်းကြီးတွေက ဒီကိစ္စက လက်ရှိအနေ အထားအရ အဆင် မပြေနိုင် သေးဘူး"ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေးမှု လက်ရှိ လုပ်ငန်း စဉ်များ၊ လက်ရှိရောက် နေသည့် အခြေအနေ များကို တိုင်းရင်းသားခေါင်း ဆောင်များက လူငယ်အဖွဲ့များကို ရှင်းပြခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ လူငယ်များ အနေဖြင့် မည်သည့် အခန်း ကဏ္ဍတွင် ပါဝင်နိုင် သည်များ ကိုဆွေးနွေး ခဲ့ကြသော်လည်း တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း ဆွေးနွေးပွဲတွင် လူငယ်များ လေ့လာစောင့်ကြည်မည့် အစီအစဉ်မှာမူ လက်ရှိ အနအထားအရ မဖြစ်နိုင်သေးဟု NCCT၏ ဒုတိယခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

"ခုကတော့ Open to all တော့မရှိသေးဘူး။ နောက်ပိုင်းတော့ ဖြစ်နိုင်ရင် အလာအလားတော့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေး မှာလူ ငယ်တွေ လေ့လာစောင့်ကြည့် မှုတွေကတော့ အချိန်ကျရင် ဒီကျင့်ဝတ် စည်းကမ်းတွေ ချမှတ်ပြီး ရင်တော့ ဖြစ်လာ မှာပေါ့" ဟု၎င်း ကဆိုသည်။

တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း ၇ကြိမ်မြောက် ဆွေးနွေးပွဲအတွက် အလုပ်သဘော ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ၌ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ဒီဇင်ဘာ ၂၂၊ ၂၃ နှစ်ရက်တာဆွေးနွေး ခဲ့သော်လည်း ၇ကြိမ်မြောက် အပစ်ရပ်မူကြမ်းအတွက် တွေ့ဆုံဆွေးနွေးရန် အဖြေမထွက်ခဲ့ပေ။ NCCTကမူ တပ်မတော်၏ သဘောထား သိရှိပြီးမှသာ ဆက် လက် တွေ့ဆုံ၊ မဆုံကို ဆုံးဖြတ်မည်ဟု မီဒီယာများကို ပြောခဲ့သည်။

No comments: