အောင်ကိုဦး၊ ယုဝေ
လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ တိကျမှန်ကန်စွာ လေ့လာစုံစမ်းပြီး တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေး မူများနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဒီဇင် ဘာ ၂၄ ရက် က တိုက်တွန်း လိုက်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင်ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န် ထမ်းများ ခြံစည်းရိုးဝင်းခတ် မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံ ခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီး တစ်ဦးသေဆုံး ကာ ဆယ်ဦးကျော်ဒဏ်ရာရ ခဲ့သည့် အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြန်သည်။
ထိုသို့ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ကြား အဓိကရုဏ်းကြောင့် ဒေသခံများထိခိုက်သေဆုံးရခြင်းနှင့် ပတ် သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြု ချက်များကို အကောင်အထည်ဖော်ရန် သမ္မတက တာဝန်ပေး အပ်ထားသည့် ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှု မရှိဟူ၍လည်းကောင်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အကြံပြုချက်ကို ကော်မတီက ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးသည့် အပြင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာအကောင်အထည်ဖော်ရန် သမ္မတက တာဝန်ပေးအပ် ထားသည့် ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှုမရှိဟူ၍ လည်းကောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်ကို ကော်မတီက ထိရောက်စွာအကောင်အထည် မဖော်နိုင်သေးသည့် အပြင် ဖြစ်ပွားနေသည့် ပဋိပက္ခများ သည် ကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာအကောင် အထည်ဖော်ဆောင်မှု မရှိခြင်း၊ ရုန်းရင်းဆန်ခတ် မှုများကို ဖြေရှင်းရန် နည်းလမ်းများ အတိအကျရှိသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် နိုင်ငံသား များ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည့် အဖြစ်များဖြစ်ပျက်ရခြင်းဖြစ်သည်ဟုလည်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်၏ ကြေညာချက် တွင် ပြောကြားထားသည်။
လက်ပံတောင်းတောင် လုံခြုံရေးတပ်ဖွဲ့ ဥပဒေပြဋ္ဌာန်းချက်နှင့် မညီလျှင် ကော်မရှင်ဖွဲ့ စုံစမ်းပါ
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အစုအဝေးကို ဖြိုခွင်း တာနဲ့ ပတ်သက်ပြီး ကျင့်ထုံး ဥပဒေအခန်း ၉ မှာ ပါပါတယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေအရ ရဲအရာရှိတို့က ဘယ်အချိန်မှာ လက်နက်ကို သုံးစွဲနိုင် တယ်။ သုံးစွဲရင်လည်း ခေါင်း ဆောင်လုပ်သူရဲ့ ခြေထောက်ကိုပစ်ရမယ်။ အဲ့လို အသေးစိတ် ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ အဲ့ဒီ ပြဋ္ဌာန်း ချက်တွေနဲ့ ရဲတွေက အညီလုပ်ခဲ့တယ်ဆိုရင် ဒါတရားဥပဒေအတွင်းက ဆောင်ရွက်တာပေါ့” ဟု ပြော သည်။
တရားဥပဒေပြဋ္ဌာန်းချက်နှင့် အညီဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ကာ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စုံစမ်းသင့်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သေဆုံးသူမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု ဆေးရုံအုပ်ကြီးက အတည်ပြု
လက်ပံတောင်း ပဋိပက္ခ တွင် သေဆုံးခဲ့သူ မိုးကြိုးပြင်လယ် ရွာမှ ဒေါ်ခင်ဝင်းကို ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင် ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ရင်ခွဲစစ်ဆေးရာ သေနတ် ဒဏ်ရာဖြင့် သေ ဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြု ပြောဆိုလိုက်သည်။
မုံရွာပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ သန်းညွန့်က “သေနတ်ဒဏ်ရာပါ။ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာ တော့ ကျွန်တော်မသိဘူး။ ကျွမ်းကျင်တဲ့ သူတွေမှသိပါမယ်။ ဦးခေါင်းလန်သွားတာပါ”ဟု ပြောသည်။
ဒေါ်ခင်ဝင်း၏ အလောင်းကို ဆေးရုံမှ မိုးကြိုးပြင်အလည်ရွာသို့ ပြန်လည်သယ်ဆောင်ကာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် သင်္ဂြိုဟ်မည် ဟု သေဆုံးသူ၏ မောင်ဖြစ်သူ ဦးသောင်းဌေးက ပြောသည်။ ဆားလင်းကြီးဆေးရုံတွင် ရင်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့မှ ဘ၀အလင်း ဆရာတော် ဦးသောဘိတနှင့် ၈၈ အဖွဲ့တို့မှ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် ဒေသခံဒေါ်ခင်ဝင်း အတွက် မိသားစုဝင်များက စစ်ကိုင်းတိုင်း၊ ဆား လင်းကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက ၄/၂၄ သေမှုသေခင်းဖြင့် ဒီဇင်ဘာလ ၂၃ ရက်က အမှုဖွင့်လက်ခံခဲ့သည်။ ထိုသို့အမှုဖွင့်ခြင်းနှင့် ပတ်သက်၍ လူသေစေမှုဖြင့်သာ အမှုဖွင့်သင့်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘက် စန်းအောင်က သုံးသပ်ပြောကြားသည်။
လက်ပံတောင်းတောင်ကိစ္စတွင် ဒေသခံများဘက်က လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော် ရှေ့ နေ ဦးရောဘက် စန်းအောင်က “ဒါခေါင်းကို သေနတ်နဲ့ တည့်တည့်မှန်အောင်ပစ်တာက လူ့အခွင့် အရေး ကို ချိုးဖောက်တာပဲ။ ဒဏ်ရာအပြင်း အထန်ရအောင်လည်း လုပ်တယ်။ လူ့ အခွင့်အရေးကော်မရှင် ကို လက်ပံတောင်း တောင်ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့တိုင်ကြား စာပို့ထားပါတယ်”ဟု ပြောသည်။
လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဖြစ်ပွားခဲ့သည့် ဒေသခံများသေနတ်မှန်မှု နှင့်ပတ်သက်၍ ရဲများကိုမည် သူက အမိန့်ပေးစေခိုင်းသနည်း သို့မဟုတ် တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်သလား ဆို သည်ကို စုံစမ်းစစ်ဆေးသင့်သည်ဟု ဦးရောဘက်စန်းအောင် က ပြောဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီကို အမှုဖွင့်တိုင်ကြား
လက်ပံတောင်းဒေသတွင် ၀မ်ပေါင်ကုမ္ပဏီမှ ဒေသခံများပိုင်ဆိုင်သောယာမြေများပေါ်တွင် ဒီဇင်ဘာလ ၂၂ ရက်၂၃ ရက်များက အင်အားသုံး အကြမ်းဖက် ခြံစည်းရိုး ခတ်ခြင်းများနှင့် သီးနှံများဖျက်ဆီး ခြင်းတို့ကို အရေးယူရန် ခြံစည်းရိုးခတ်ခံရသည့်ရွာများကို ကိုယ်စားပြု၍ ဒေသခံ ၇၈ ဦးပါအဖွဲ့မှ ဆားလင်းကြီးမြို့နယ် ရဲ စခန်းတွင် အမှုဖွင့်တိုင်းကြားလိုက်သည်။
အလယ်တောကျေးရွာမှ မစန္ဒာက“ကျွန်မတို့ ရွာစဉ်အလိုက် အမှုဖွင့်တာပါ။ ဒီမှာလာဖွင့်တဲ့သူတွေအားလုံးက နစ်နာ သူတွေပါပဲ။ ပြီးတော့ ဘယ်သူမှ လျော်ကြေး ယူ ရောင်းထား တာ မရှိပါဘူး။ ကျွန်မတို့ ရွာတွေကို အကြမ်းဖက်သေနတ်နဲ့ပစ်ပြီး အခုလို ခြံစည်းရိုးကာတာတွေ လုပ်တယ်။ သေနတ်နဲ့ ပစ်သူတွေရော သီးနှံတွေဖျက်ပြီး ခြံစည်းရိုးခတ်တဲ့ သူတွေကိုရော အမြန်ဆုံး ဥပဒေအတိုင်းအရေးယူပေးဖို့ အမှုဖွင့်တာပါ”ဟု ပြောသည်။
ဆားလင်းကြီးရဲစခန်းမှ စခန်းမှူး သန်းနိုင် “ကျွန်တော်တို့ သူတို့တင်တဲ့စာတွေက တချို့ဟာတွေ မပြည့်စုံ သေးဘူး။ တချို့က မနက်ဖြန်မှ လာတင်ကြမှာပါ။ တရားရုံးကို ဦးတိုက်လျှောက်ဖို့ ကျွန်တော်တို့ စာရေး ဆောင်ရွက်နေဆဲပါ”ဟု ပြောသည်။
အဆိုပါ အမှုဖွင့်တိုင်ကြားမှုကို မြို့နယ်ရဲစခန်းက လက်ခံခြင်းရှိ၊ မရှိ ဒီဇင်ဘာလ ၂၅ ရက်မှသာ သိရှိရမည် ဟု မစန္ဒာက ဆိုသည်။ မိုးကြိုးပြင်၊ ဆည်တည်း၊ အလယ်တော၊ ရွာသစ်၊ တုံရွာမနှင့် အလယ်ရွာဒေသခံ များက သီးနှံနှင့် လယ်ယာ ဆုံးရှုံးမှု၊ အကြမ်းဖက်ခံရမှုများ အတွက် ဒေသခံ ၇၈ ဦးက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာများမှ စိုက်ပျိုးပြီး၍ ရိတ်သိမ်းရန် နေကြာ၊ ပဲစင်းငုံ၊ ပြောင်း စသည့် သီးနှံများကျန်ရှိနေသည့် အတွက် တချို့သီးနှံများက ခြံဝင်းခတ်သည့် အထဲရောက်နေသဖြင့် ရိတ်သိမ်းခွင့်ပြုရန်နှင့် တုံရွာ၊ မိုးကြိုးပြင် ရွာနှင့် ဆည်တည်းရွာတို့ မှာ လုံးဝလျော်ကြေး ယူထားခြင်း မရှိသေး သောကြောင့် မြေယာများပြန်လည်ပေး အပ်ရန်နှင့် ဆက်လက်စိုက်ပျိုးခွင့်ရရှိရန်လည်း ဒေသခံများက တောင်းဆိုထားသည်။
လက်ပံတောင်းဒေသတွင် မြေယာလျော်ကြေးမယူထားသူများကို အကြမ်းဖက် ခြံစည်းရိုးခတ်နေမှုများ ရပ် တန့်ပေးရန် ဒီဇင်ဘာ ၂၉ ရက်တွင် ဒေသခံများမှ ဆန္ဒပြမည်ဟု ဦးဆောင်သူ ဒေသခံ ဒေါ်သန်းသန်းထွေး က ပြောသည်။
ထိုသို့ဆန္ဒပြရန် ဒီဇင်ဘာလ ၂၄ ရက်တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့သို့ခွင့်ပြုမိန့်တင်လိုက်သည်ဟု ဆို သည်။ “ဒီနေ့ စာတင်တယ်။ ခွင့်ပြုပြု မပြုပြုပြမယ်။ ကိုယ့်မြေကို ကိုယ်ပြန်တောင်းတာပါ။ ပြီးတော့ သေနတ် နဲ့ ပစ်တဲ့ရဲတွေနဲ့ ပါဝင်သူတွေကို အရေးယူပေးဖို့ပြတာပါ” ဟု ဒေါ်သန်းသန်းထွေးက ပြောသည်။ ဆန္ဒပြရာတွင် မိုးကြိုးပြင်၊ တုံရွာမ၊ အလယ်တော၊ တောကျောင်း၊ ရွာသစ်၊ အလယ်ရွာ စသည့်ကျေးရွာ များ မှ ဒေသခံ အင်အား ၁,၂၀၀ ဖြင့်ပြသွားမည်ဖြစ်သည်။
လက်ပံတောင်စီမံကိန်းလုံးဝ ဖျက်သိမ်းရေး၊ မီးလောင်ဗုံးသုံးဖြိုခွဲခဲ့ခြင်းများနှင့် ယခုအကြမ်းဖက် တရားခံ များအား အမြန်ဆုံး ဖော်ထုတ်ပေး ရန် တို့ကိုတောင်းဆိုသွားမည်ဟု ဆန္ဒပြမည့်သူများက ဆိုသည်။
ဆန္ဒပြခြင်းကို တုံရွာကားလမ်းမ ထိပ်မှ ဆားလင်းကြီးနှင့်ညောင်ပင်ကြီး လမ်းအတိုင်း ပုသိမ် မုံရွာလမ်းရှိ ၀မ်ပေါင် ကုမ္ပဏီရှေ့အထိ ချီတက်ဆန္ဒပြကာ ဒေသခံများ၏ ခံစားနေရမှုများကို ဒေသခံများက ဟောပြော သွားမည်ဖြစ်သည်။ ဆန္ဒပြမှုကို မွန်းလွဲ ၁၂ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်မည်ဟု ဦးဆောင်သူ ဒေါ်သန်းသန်းထွေးက ပြောသည်။
ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ယနေ့ တာဝန်ကျ ရဲအရာရှိတစ်ဦးက “စာတင်တာ ဟုတ်တယ်ဗျာ။ တင် တော့ ခွင့်ပြုပေးရတာပေါ့။ သူတို့ကိုတော့ အကြောင်းမပြန်ရ သေးဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဖြစ် ပွားခဲ့သည့်ဖြစ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၊ ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ မြန်မာအစိမ်းရောင်ကွန်ရက်၊ မြန်မာနိုင်ငံ EITI ဖော်ဆောင်ရေးအဖွဲ့မှ အရပ်ဘက်အ ဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က ကြေညာချက်များ အသီးသီး ထုတ်ပြန် ကာ ပွင့်လင်း မြင်သာစွာဖြင့် ဖြေရှင်းပေးရန်တောင်းဆို ထားကြသည်။
No comments:
Post a Comment