Mizzima
ဆိုနီမှ အသစ်ထုတ်လုပ်မည့် Xperia Z4 မိုဘိုင်းဖုန်းပုံများသည် ဟက်ကာများမှတစ်ဆင့် အီးမေးလ်း အသုံးပြုသူများထံ ရောက် ရှိ ပေါက်ကြား သွားခဲ့သည်။ အဆိုပါ ဖုန်းအား လာမည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ်တွင် ဂျိမ်းစ်ဘွန်း မင်းသားက အသုံးပြုမည်ဖြစ်ကြောင်း ကြေ ညာထားသည်။
ဆိုနီကုမ္ပဏီက အဆိုပါ Xperia Z4 အမျိုးအစားအား ၂၀၁၅ ခုနှစ် မတ်လအတွင်း ကျင်းပမည့် MWC 2015 ပွဲတွင် ထုတ်ဖော်ပြသရန် စီစဉ်ထားသည်။ ဆိုနီကုမ္ပဏီ၏ သုံးစွဲသူများ ဈေးကွက်ဆိုင်ရာဒုတိယအမှုဆောင်ဥက္ကဌ ဂျော့လီယွန်က "ဆိုနီမိုဘိုင်းအနေနဲ့ Z4 မော်ဒယ်ကို မကြာမီ ရောင်းချတော့မှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
အဆိုပါ Z4 မော်ဒယ်အား ထုတ်ပြီးနောက် နောက်ထပ်မော်ဒယ်တစ်မျိုး၏ အမည်မှာ Xperia Z4 Compact ဖြစ်နိုင်ဖွယ်ရှိပြီး နိုဝင်ဘာလ အတွင်း ရောင်းချသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။
Xperia Z4 ၏ ရှေ့ဘက်နှင့် ကျောဘက်နှစ်ခုစလုံးတွင် ဖန်သားပြင်များဖြစ်ပြီး ပါးလွှာသည့် ထုထည် ရှိသော အဆိုပါဖုန်း၏ ညာဘက်တွင် ပိတ်သည့်ခလုပ်နှင့် အသံအတိုးအကျယ် ပြုလုပ်သည့် ခလုတ်များ ပါရှိသည်။
ယခုကဲ့သို့ Xperia Z4 ၏ ပုံ ပေါက်ကြားထွက်ပေါ်လာသော်လည်း တရားဝင်ထုတ်လုပ်ရောင်းချရန် အချိန်အနည်းငယ် လိုနေသေးသောကြောင့် ကုမ္ပဏီ အနေဖြင့် ဒီဇိုင်းပြန်လည် ပြောင်းလဲခြင်းကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment