မောင်သင်တုန်း
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် သက်တမ်းလွန် စက်ခေါင်း ၂၀၀ ကျော်ရှိနေ သည့်အတွက် ယူရို ၁၁ သန်းကျော် တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် စက်ခေါင်းများကို ဝယ်ယူရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် CMC ကုမ္ပဏီတို့ ဧပြီ ၃၀ ရက်တွင် သဘောတူ လက်မှတ်ရေးထိုး လိုက် သည်။
“မြန်မာ့ မီးရထားမှာ စက်ခေါင်း ၃၇၇ ခေါင်းရှိရာမှ ၂၂၆ခေါင်းက သက်မှတ်တဲ့သက်တမ်းနှစ် ၃၀ကျော်ပြီးတော့ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေး မှာအသုံးပြုနေ ပါတယ်။ ကျွန်တော်တို့အတွက် စက်ခေါင်းတွေလိုအပ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီး ကနိုင်ငံတော် သမ္မတကြီး ကိုတင်ပြတော့နိုင်ငံ ပိုင်ငွေနဲ့ ဝယ်ယူဖို့ ခွင့်ပြုခဲ့ပါတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ (စက်ခေါင်း)မှ ဦးမြင့်စိုး ကပြောသည်။
ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနသည် တရုက်နိုင်ငံ China National Machinery Import Corporation(CMC) ထံမှမြင်းကောင်ရေ ၂၀၀၀ ရှိသည့် မီးရထား စက်ခေါင်း ၁၁ လုံးကို ယူရို ၁၁ သန်းကျော်ဖြင့် ရန်ကုန်ဆိပ်ကမ်းအရောက် ဈေးနှုန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။
နေပြည်တော်ရှိ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ရထား စက်ခေါင်းများ ဝယ်ယူရန် တရုတ် ကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကိုလည်း နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
၂၀၁၅ ခုနှစ် တွင် နိုဝင်ဘာလကုန်တွင် စက်ခေါင်း သုံးခုရောက်ရှိ မည်ဖြစ်ပြီး ကျန်စက်ခေါင်းများမှာ ၂၀၁၆ ခုနှစ်အတွင်း ထပ်မံရောက် ရှိမည်ဟု သိရ သည်။ရောက် ရှိလာမည် စက်ခေါင်များ ကိုတောင်ပေါ်ဒေသ သို့ပြေးဆွဲ လျက်ရှိသည့် မီးရထားများတွင် တပ်ဆင်မောင်းနှင် အစားထိုးသွား မည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာတော့ မြင်းကောင်ရေ အမြင့်ဆုံးပဲ နည်းပညာအရလည်း ကောင်းမွန်ပါတယ်။ အရင်က လည်း ဒီကုမ္ပဏီကနေ စက်ခေါင်းတွေ ၀ယ်ယူအသုံးပြု ဖူးပါတယ်။ ခုဟာက တော့ တင်ဒါစနစ်နဲ့ ၀ယ်ယူပြီး စာချူပ်ချူပ် ဆိုတာဖြစ် ပါတယ်”ဟု ဦးမြင့်စိုး ကပြောသည်။
စက်ခေါင်းများဝယ်ယူရခြင်းသည် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးတို့တွင် လုံခြုံစိတ်ချပြီး အချိန်မှန်ကာ သန်ရှင်းစေရန်ဟု ဆိုသည်။
No comments:
Post a Comment