Tuesday, January 26, 2010

တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော

ဗထူး

စစ်အစိုးရအနေဖြင့် တပ်တွင်းပြောင်းလဲမှု အကြီးမားဆုံး လုပ်ရတော့မည်ဟု စစ်အရာရှိတဦးက ပြောသည်။


“၂၀၀၈ ပြီးပြီ၊ ကျနော်တို့အနေနဲ့ လေးလပတ်မှာ ဘာဖြစ်လာမလဲတော့ ကြည့်နေတာပါ။ အပြောင်းအလဲ ကြီးမယ်။ နားမှာလားဆိုတဲ့ ကိစ္စတွေပါ၊ ပုံမှန်အားဖြင့် လေးလပတ်မှာ အဖြေထွက်ရမယ်၊ အလယ်အလတ်တွေဆိုတော့ ပြောရတာ ခက်တယ်၊ အရပ်ဖက်ရောက်မလားတော့ မသိသေးဘူး” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်ချိန် တပ်တွင်းပြင်ဆင်မှုများကို တပ်တွင်းအရာရှိများလည်း စိတ်ဝင်စားလျှက်ရှိသည်။

“အပေါ်က အဘတို့တောင် သိဖို့ခက်တာနဲ့ ကျနော်တို့လို အဆင့်တွေ သိဖို့ခက်ခဲ့တယ်၊ ဒါပေမဲ့ တခုတော့ ပြောနိုင်တယ်၊ တပ်ပြောင်းလဲရတော့မယ်၊ တပ်ချုပ်ကအစ သူတို့ဂတိအတိုင်း နားပေါ့ဗျာ” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရအနေဖြင့် အတည်ပြုခဲ့သည့် ၂၀၀၈ ဥပဒေအရ အသက်ပြည့်ပြီးသူအားလုံး နားရမည်ဟု သတ်မှတ်ထားသည့်အတွက် နားမလားစောင့်ကြည့်နေကြောင်း ပြောသွားခဲ့သည်။

လာမည့် ရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် တပ်မတော်စည်းရုံးရေးကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

No comments: