Monday, January 25, 2010

မြန်မာစစ်တပ်မှ လယ်သမားတွေထံ စပါးဈေးနှိမ်ဝယ်နေ

ကေအင်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မြို့ ဒေါ့ဖွမ်း ယန်မြို့နယ်ခွဲရှိ ဒေသခံလယ်သမားတွေဟာ မြန်မာစစ်အစိုးရထံ စပါးဈေးနှိမ်ပြီး ရောင်းပေးနေရတဲ့အတွက် မကျေ မနပ်ဖြစ် နေကြပါ တယ်။

တရုတ်နယ်စပ်အပြင်ဈေးတွေမှာ စပါး ၁ တင်းပေါက်ဈေး ၃၅၀၀ ကျပ်ကနေ ၄၀၀၀ ထိဈေးရနေချိန်မှာ ဒေါ့ဖွမ်းယန်အနီး မြို့သစ်တွင် အခြေစိုက်တဲ့ မြန်မာစစ်တပ် ခမရ အမှတ် (၃၈၇) ဆီမှာတော့ စပါး ၁ တင်း ၃၀၀၀ကျပ် နဲ့ မရောင်းမနေရ ရောင်းပေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းကတည်းက အမိန့်ထုတ်ကြေငြာထားတာဖြစ်ပြီး ဒေါ့ဖွမ်းယန်မြို့ခွဲမှ ဒေသခံ လယ်ကွက် ပိုင်သူတွေအားလုံး ဒီနှစ်အတွင်း စစ်တပ်ရဲ့စပါးဝယ်ယူမှုအစီစဉ်အနေနဲ့ စပါးအရေအတွက်တင်း ၅၄၀၀ ရောင်းပေးရမှာဖြစ်တယ်လို့ ဒေသခံရပ်ကွက်လူကြီးများကို ကိုးကားပြီးသိရပါတယ်။

အခုလို စပါးရောင်းပေးနေရာမှာလည်း ဒေသခံတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စစ်တပ်ထံ ပို့ပေးရတာက တစ်ကြောင်း တပ်ထဲမှာ စပါးတွေကိုပြန်ပြီး ချိန်ခွင်ကြီးနဲ့ ချိန်ယူတာဒါကြောင့် လယ်သမားတချို့က လက်မခံနိုင်တဲ့အတွက် စပါးနဲ့ညီမျှတဲ့ ငွေကိုပဲချေဖို့ စီစဉ်နေပါတယ်။

မြန်မာစစ်အစိုးရက ကချင်ပြည်နယ်ကို နိုင်ငံ၏ စတုတ္ထအကြီးဆုံး စပါးကျီ ဖြစ်ရမယ်လို့ ကြွေးကြော် နေပေမယ့်လည်း စစ်အစိုးရအနေနဲ့တော့ လယ်သမားတွေကို တစ်စုံတစ်ရာ ကူညီထောက်ပံ့ပေးမှု မရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

အခုလိုစပါးတွေ ဈေးနှိမ်ပြီး အစိုးရကိုရောင်းပေးနေရာတာမျိုးကို ကချင်ပြည်နယ်က ဒေသတခြားနေရာတွေမှာ လည်း အတူတူ သတ်မှတ်ပေးထားတယ်လို့ ကေအင်ဂျီ စုံစမ်းသိရပါတယ်။

No comments: