Monday, March 28, 2011

စစ်တွေ လေဆိပ်ရှိ စားသောက်ဆိုင်များ ပြောင်းရွှေ့ရန် ညွန်ကြားချက်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်း

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ လေဆိပ်ရှိ စားသောက်ဆိုင်များကို ပြောင်းရွှေ့ရန် စစ်တွေ လေဆိပ် အာဏာပိုင်များမှ ထုတ်ပြန်သော စာကို လက်ခံ ရရှိပြီး နောက် နိရဉ္စရာမှ ဆိုင်ပိုင်ရှင် တစ်ဦးအား ဆက်သွယ်မေးမြန်းရာ တပ်ထိန်းအဖွဲ့မှ ဆိုင်ပိုင်ရှင်ထံမှ ဖုံးကို အတင်းလုယက်ပြီး ပြန်လည် မေးမြန်းမူများ ပြုလုပ်ခဲ့သည်။

နိရဉ္စရာမှ ဆက်သွယ်မေးမြန်းနေစဉ် ဆိုင်ပိုင်ရှင် အမျိုးသမီးမှ ရခိုင်စကားဖြင့် ငိုယိုပြီး “ ကျွန်မတို့ ဘယ်လို လုပ်ရမလဲ။ အခု သူတို့က ကျွန်မတို့ကို နှင်ထုတ်နေပြီ။ အခုဘဲ နှင်ထုတ်နေပါပြီ” ဟု ပြောဆိုနေစဉ် တပ်ထိန်းအဖွဲ့မှ အမျိုးသမီး တစ်ဦးက ဆိုင်ပိုင်ရှင်ထံမှ ဖုံးကို ယူပြီး “ ကျွန်မမောင်က ဗိုလ်ကြီးပါ မန္တလေးမှာ ကျနေပါတယ်၊ ကျွန်မကို တပ်ထိန်း ဗိုလ်ကြီး ဘဘက ဆိုင်တွေကို ဖုံးလာရင်၊ သတင်းဌာနတွေက ဖုံးလာရင် ပြန်လည် ပြောဖို့ မှာကြားထားတဲ့အတွက် ကျွန်မကို ပြောရင် ရပါတယ်။ ဘာကိစ္စပါလဲ။” ဟု ဆိုကာ မေးမြန်းခဲ့သည်။

“ ပြည်ပသတင်းဌာနကပါ” ဟု ဆိုစဉ် “ ခွင့်ပြုချက် မရှိဘူး” ဟု ဆိုကာ ဖုံးချသွားခဲ့သည်။

သို့အတွက် စစ်တွေ လေဆိပ်ရှိ စားသောက်များကို လုံခြုံရေး အရ ပြောင်းရွှေ့ရန် ညွှန်ကြားမူနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

အဆိုပါ စားသောက်ဆိုင်များကို လုံခြုံရေး အရ ရွှေ့ပြောင်းရန် ညွှန်ကြားချက်နှင့် ပတ်သက်ပြီး လေဆိပ်ကို အမြဲတန်း သွားလာနေသူ ကားဒရိုင်ဘာ တစ်ဦးက “ စစ်တွေလေဆိပ်မှာ အခု ရက်ပိုင်းတွေ အတွင်းမှာ လုံခြုံရေးကို တင်းကျပ်ထားတာ အမှန်ပါဘဲ။ အရင်က ကားတွေ ၀င်လာရင် စစ်ဆေးရေးဂိတ်ကို လက်ပြ ၀င်သွားရင် ရပေမယ့် အခု မရတော့ပါဘူး။ လေဆိပ်ကို အ၀င်မှာ သေသေချာချာ စစ်ဆေးပါတယ်။ ” ဟု ပြောသည်။

သို့သော်လည်း စစ်တွေ လေဆိပ် လုံခြုံရေး တင်းကျပ်မူနှင့် ပတ်သက်ပြီး နောက်ကွယ်မှ အကြောင်းအရာကို မည်သူမျှ တိတိကျကျ မပြောဆိုနိုင်ကြောင်း သူက ပြောသည်။

ယခု ရွှေ့ပြောင်းရန် ညွန်ကြားချက် ထုတ်ပြန်သော ဆိုင်မှာ သုံးဆိုင် ဖြစ်ပြီး ယခုရက်ပိုင်း အတွင်းတွင် ရွှေ့ပြောင်းရတော့ မည် ဖြစ်ကြောင်း သိရသည်။

စစ်တွေ လေဆိပ်မှ ထုတ်ပြန်သော စာမှာ အထက်ပါအတိုင်း ဖြစ်သည်။

No comments: