Tuesday, March 29, 2011

မြန်မာနိုင်ငံတောင်ပိုင်း မုန်တိုင်းဝင်နိုင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁

တနသာင်္ရီကမ်းရိုးတန်းကို ဗဟိုပြုသည့် မုန်တိုင်းငယ်တခု အင်္ဂါနေ့ညနေပိုင်းတွင် ဝင်ရောက်နိုင်သဖြင့် တနင်္သာရီ၊ မွန်ကမ်းလွန်ပင်လယ်ပြင်နှင့် ကိုကိုးကျွန်းဒေသများတွင် မုန်တိုင်းအထူးသတိရှိရန် မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးနှိုးဆော်ထားသည်။

ယနေ့မနက် တိုင်းထွာမှုအပေါ် အခြေခံပြီး ထုတ်ပြန်ချက်အရ နောက် ၁၂ နာရီအတွင်း မုန်တိုင်းဝင်နိုင်သည်ဟု ဆိုသည်။

No comments: