Friday, March 25, 2011

နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး

မဇ္ဈိမသတင်းဌာန

အင်အားပြင်း ငလျင်တခု ကြာသာပတေးနေ့ညက လှုတ်ခတ်သွားပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသော ဒေသတခုဖြစ်သည့် တာချီလိတ်တွင် နောက်ထပ် ငလျင်အန္တရာယ် သတိပေးချက်အား အာဏာပိုင်များက သောကြာနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်လျက်ရှိသည်။

“ နောက် ၆ နာရီအတွင်း သတိထားနေဖို့၊ ငလျင်ထပ်လှုပ်နိုင်တယ်လို့ ပြောနေတယ်။ ” ဟု မြို့နယ်အာဏာပိုင်များက ကားဖြင့် လိုက်လံကြေညာလျက်ရှိသည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြောသည်။

လူ ၅ဝ ခန့် နေအိမ်မပြန်သေးဘဲ ယမန်နေ့ညက တိမ်းရှောင်ခဲ့သော ရှမ်းရိုးမကွင်းထဲတွင် ဆက်လက်ရှိနေသေးသည်ဟု ပြောသည်။

တာချီလိတ်မြို့နယ်အောက်ရှိ တာလီတွင် ငလျင်ဒဏ် ဆိုးဝါးစွာခံရပြီး အနည်းဆုံး ၄ဝ ခန့် သေဆုံးသည်ဟု အရာထမ်းတဦးက ပြောသည်။

No comments: