Friday, March 25, 2011

ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁

ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦးအထိတိုး

ငလျင်ကြောင့် သေဆုံးပျက်စီးဆုံးရှုံးမှု ထပ်မံတိုးတက်လာနေကြောင်း မြန်မာအစိုးရပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ချက်အရ သေဆုံးသူ ၇၄ ဦးရှိသွားပြီဖြစ်ကာ ၁၁၁ ဦး ဒဏ်ရာရသည်ဟု ပါရှိသည်။

မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ရရှိသော သတင်းများကို အခြေခံ၍ထုတ်ပြန်ရာတွင် နားယောင်း၊ မိုင်းယောင်း၊ မိုင်းပွန်း၊ တာချီလိတ်၊ တာလေ တို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ ဦးနှင့် တိုက်ခန်းတွဲ ၆ ခု၊ သာသနာ အဆောက်အဦး ၁၁ လုံး၊ အစိုးရအဆောက်အဦး ၉ လုံး ပြိုကျပျက်စီးသွားသည်ဟု ပါရှိသည်။
-------------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် လွယ်မွေမြို့ကို ဗဟိုပြုလှုတ်ခတ်သွားသော ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးနှင့် ဒဏ်ရာရသူ ၁၁၁ ဦးရှိသွားပြီဖြစ်ကြောင်း သောကြာနေ့မွန်းလွဲက မြန်မာအစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။

သောကြာနေ့ ဒေသစံတော်ချိန် ၁၂ နာရီခွဲအချိန်ထိရရှိသော သတင်းများကို အခြေခံပြီး MRTV-4 က ထုတ်ပြန်ချက်တွင် တာချီလိတ်မြို့နယ်တွင် ၃ ဦး၊ တာလေမြို့နယ်တွင် ၁၁ ဦး၊ မိုင်းလင်းရွာတွင် ၂၉ ဦး၊ မိုင်းပွန်းကျေးရွာအုပ်စု ကျောက်ဖြူရွာတွင် ၂၂ ဦးဟု ပါရှိသည်။

ထို့အပြင် တာချီလိတ်မြို့နယ်တွင် ၈ ဦး၊ တာလေမြို့နယ်တွင် ၂၉ ဦး၊ မိုင်းယောင်းရွာတွင် ၃ ဦး၊ မိုင်းပွန်း ကျေးရွာအုပ်စု ကျောက်ဖြူရာတွင်၅၅ ဦး၊ မိုင်းလင်းရွာတွင် ၁၆ ဦး ထိခိုက်ဒဏ်ရာရသွားသည်။

No comments: