ရိုးမ ၃
တရုတ်ပြည်သို့ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း သွားသည့် မြန်မာ ပြည်အလယ် ပိုင်းဒေသ ရှိ မြို့နယ် ကျေးရွာ များမှ ဒေသ ခံများ မြေယာများ သိမ်းဆည်း ခံရပြီး လျော်ကြေး အပြည့် အဝ မရသည့် အခြေ အနေကြုံ တွေ့နေ ရလျှက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်းမှ လယ်ယာများ၊ ထန်းတောများကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် သိမ်းဆည်းနေလျှက်ရှိပြီး တရုတ်ကုမ္ပဏီများက လျော်ကြေးပေးသော်လည်း အာဏာပိုင်များက ခေါင်းပုံဖြတ်မှုကြောင့် အပြည့်အဝမရရှိသည့် အခြေအနေ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ဒေသခံတွေ မြေယာသိမ်းခံရတာ တော်တော်များလာပြီ၊ တရုတ်က လျော်ကြေးအပြည့်အဝ ပေးတယ်လို့ သိရတယ်၊ ဒါပေမဲ့ ဒေသအာဏာပိုင်တွေက လေးပုံတပုံလောက်ဘဲ လယ်သမားတွေကို ပြန်ပေးတာ” ဟု ပြောသည်။
အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရန် တရုတ်ပြည်မှ ပညာရှင်များနှင့် အလုပ်သမား ၈၀ ကျော် ကျောက်ပန်းတောင်း မြို့ပေါ်တွင် ရောက်ရှိနေကြောင်း ဒေသခံက ဆက်ပြောသည်။
“တရုတ်တွေ ကျောက်ပန်းတောင်းမြို့က နောင်ရိုးတည်းခိုခန်းမှာ တည်းနေကြတယ်၊ အဲဒီအထဲမှာ ကျွမ်းကျင်ပညရှင်တွေပါတယ်၊ ဒီပိုက်လိုင်း စီမံကိန်းကို တရုတ်ကတော့ တော်တော်အရှိန်မြှင့်လုပ်နေတယ်” ဟု ပြောသည်။
ရေနံချောင်းမြို့နယ်အတွင်းမှ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ ဥသျှစ်ကုန်း၊ ငါးလန်တာ၊ သျှားတောကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ခင်မွန်၊ ဒ၀ါး၊ ခါးပတ်ကျေးရွာများမှ လယ်ယာမြေပေါင်းများစွာကို သိမ်းယူကာ ဓါတ်ငွေ့ပိုက်လိုင်းကို သွယ်တန်းမည်ဖြစ်ပြီး ယင်းဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကို China National Petroleum Corporation က တာဝန်ယူလုပ်ဆောင် နေခြင်းဖြစ်ကာ ရခိုင်ကမ်းရိုးတန်းမှ မကွေး၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ မြင်းခြံ၊ နထိုးကြီး ပုသိမ်ကြီး (မန္တလေး)၊ မေမြို့၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးမှတဆင့် တရုတ်ပြည်ကူမင်မြို့ကိုဖြတ်ကာ ကွန်ဂျိုပြည်နယ်အထိ သွယ်တန်းသွားမည်ဖြစ်သည်။
ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့် ရခိုင်ပြည်နယ်အတွင်းတွင်လည်း လယ်ယာမြေအသိမ်းခံရမှု၊ အတင်အဓမ္မလုပ်အားပေးခိုင်းစေမှု၊ နေရပ်ရွှေ့ပြောင်းခံရမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒေသခံပြည်သူများ ရင်ဆိုင်နေရသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၃ တွင် အပြီးလုပ်ဆောင်သွားရန် လျာထားပြီး ပိုက်လိုင်းသွယ်တန်းမှုအရှည်မှာ စုစုပေါင်း ၂၈၀၆ ကီလိုမီတာ ရှည်လျားပြီး အကျယ် ၁၃ လက်မ၊ ထု ၁ လက်မရှိ ပိုက်လုံးများကို မြေအောက် အနက် ၆ ပေတွင် သွယ်တန်းသွားမည်ဖြစ်သည်။
No comments:
Post a Comment