မန္တလေး နှင့်လားရှိုး အကျဉ်းထောင် များတွင် လာဘ်စား မှုဖြင့် ပြစ်ဒဏ်ကျခံ နေရသော ယခင် ဗိုလ်ချုပ် ခင်ညွှန့် ဦးဆောင် သည့်စစ်ထောက် လှမ်းရေး အဖွဲ့ဝင်ဟောင်း များကို လွန်ခဲ့သည့် လကုန်ပိုင်း က ထောင်များမှ ပြန်လွှတ် ပေးခဲ့ကြောင်း ၎င်းစစ် ထောက်လှမ်း ရေးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံ တော် ဆင့်သို့ ပြောသည်။ယခင် လားရိုးမြို့ အခြေစိုက် အမှတ် ၂ စစ်ထောက်လှမ်း ရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်တင်စိန် ၊ ဒုတပ် ရင်းမှူး မင်းစံကြည် ၊ အမှတ် ၉ တပ်ဖွဲ့မှ ရင်းမှူး ဒုဗိုလ်မှူးကြီး ထိုက်ရွေမောင် ၊ ကွတ်ခိုင်တပ်ဖွဲ့မှူး ဆန်းနိုင်ထွန်း တို့ ၅ ဦးသည် မန္တလေး ထောင်မှ လွတ်လာပြီး သိန္ဒီ တပ်ဆွယ်မှူး တပ်ကြပ်ကြီး စိုင်းအောင်မြင့် ၊ တန့်ယန်းဆွယ်မှူး တပ်ကြပ် ကြီး ဝင်းနိုင်နှင့် လားရှိုး ဆွယ်မှူး တပ်ကြပ်ကြီး ခင်မောင်ကြီးတို့ ၃ ဦးသည် လားရှိုးထောင် မှ လွှတ်လာကြောင်း သိရသည်။
၂၀၀၄ ခုနှစ်အတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းခံရစဉ်က ၎င်းတို့အား လာဘ်စားမှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုထောင်ထွက်လာချိန်တွင် အနီးကပ်စောင့်ကြည့်ခံနေရကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။
No comments:
Post a Comment