Thursday, September 8, 2011

ဒေါ်​အောင်ဆန်း​စုကြည် အင်တာဗျူး​ မျက်နှာဖုံး​ဖော်ပြသည့်​ ဂျာနယ် အ​ရေး​ယူခံရ

အံ့ဘုန်းမြတ်

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အင်တာဗျူး​ မျက်နှာဖုံး​အဖြစ် ​ဖော်ပြခဲ့​တဲ့​ Messenger News Journal ဂျာနယ်ကို စာ​ပေစိစစ်​ရေး​က ​နောက်ဆက်တွဲသတင်း​တင်ပြခွင့်​နဲ့​ ​နောက်ဆုံး​ရသတင်း​တွေ မျက်နှာဖုံး​မှာ ​ဖော်ပြခွင့်​တွေကို သီတင်း​ပတ်တခုထိ ပိတ်ပင်ပြီး​ အ​ရေး​ယူလိုက်ပါတယ်။

စာ​ပေစိစစ်​ရေး​က ဒီက​နေ့​မနက်ပိုင်း​မှာ ဂျာနယ်တိုက်ကို ပိတ်ပင်​ကြောင်း​ အ​ကြောင်း​ကြား​ခဲ့​တာဖြစ်ပြီး​ မကြာ​သေး​ခင်ကမှ အသစ်ပြဋ္ဌာန်း​တဲ့​ ပုံနှိပ်ထုတ်​ဝေ​ရေး​ နည်း​ဥပ​ဒေ​တွေနဲ့​ ငြိစွန်း​ခဲ့​တယ်ဆိုပြီး​ အ​ရေး​ယူလိုက်တာလို့​ Messenger ဂျာနယ်ရဲ့​ အယ်ဒီတာတဦး​က ​ပြောပါတယ်။

“ဒီ​နေ့​မနက်မှာ ကျ​နော်တို့​ ဂျာနယ်​တွေ တင်ပြခွင့်​ရတယ်။ ​နောက်ဆက်တွဲ အချပ်ပို ၂ မျက်နှာရယ်၊​ အဖုံး​ရယ်၊​ ကျ​နော်တို့​ တင်ပြလို့​ မရဘူး​၊​ ပိတ်လိုက်ပါတယ်။ အဓိက ပိတ်လိုက်တာက​တော့​ စာ​ပေစိစစ်​ရေး​က ချမှတ်ထား​တဲ့​ မူကို ချိုး​ဖောက်တဲ့​အတွက် အပိတ်ခံရတာပါ။”

Messenger Journal ကို အ​ရေး​ယူလိုက်တဲ့​ ပုံနိုပ်ထုတ်​ဝေ​ရေး​ ဥပ​ဒေအသစ်​တွေဟာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည် ပြန်လွတ်လာစဉ်က ဂျာနယ်အများ​စု မျက်နှာဖုံး​အဖြစ် ​ဖော်ပြခဲ့​ကြတဲ့​အ​ပေါ် အ​ရေး​ယူဖို့​ ၁၉၆၂ ခုနှစ် ပုံနိုပ်ထုတ်​ဝေသူများ​ဆိုင်ရာ ဥပ​ဒေ​တွေကို ပြင်ဆင်ဖြည့်​စွက်ခဲ့​တဲ့​ ဥပ​ဒေဖြစ်ပါတယ်။

ဒီလို အ​ရေး​ယူခံရတဲ့​အ​ပေါ် Messenger ဂျာနယ်ရဲ့​ အယ်ဒီတာက “စာ​ပေစိစစ်​ရေး​ကလည်း​ သူတို့​သတ်မှတ်ထား​တဲ့​မူ​တွေ ရှိတယ်။ ချမှတ်ထား​တဲ့​မူအတိုင်း​ ကျ​နော်တို့​ကလုပ်ရတာ​ပေါ့​။ တခါတ​လေကျရင် ကျ​နော်တို့​ဘက်က ရည်ရွယ်ချက်နဲ့​ ချိုး​ဖောက်တာမျိုး​ မဟုတ်​ပေမယ့်​ အ​ခြေအ​နေအရ အချိန်အခါအရ လုပ်လိုက်ရတာ​လေး​တွေ ရှိတယ်။ ကျ​နော်တို့​မှာ တခါတ​လေ အဆင်မ​ပြေတာ​လေး​တွေရှိတယ်။ စာ​ပေစိစစ်​ရေး​ဘက်ကကြည့်​တော့​ ချမှတ်ထား​တဲ့​ မူနဲ့​ ငြိတယ်​ပေါ့​ဗျာ။”

အခုပိတ်ပင်ခံရတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အင်တာဗျူး​ဖော်ပြခွင့်​ ရရှိခဲ့​တဲ့​ Messenger ဂျာနယ်ဟာ လက်ရှိ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထား​တဲ့​ ဗိုလ်ကြီး​ဟောင်း​ ဦး​တင်​အေး​ရဲ့​သား​ ဦး​ဇော်မင်း​အေး​ ထုတ်​ဝေ​နေတဲ့​ ဂျာနယ်ဖြစ်ပါတယ်။

No comments: