
စက်တင်ဘာ ၈၊ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် မြန်မာ အစိုးရ စစ်သားများနှင့် ကချင် လွတ်မြောက် ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ ခရိန်မူဒန်တွင် ၁၅ မိနစ်ကြာ ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့သည်။
ရွှေညောင်ပင် နယ်မြေခံ တပ်ရင်း ခမရ ၃၂၁ နှင့် KIA တပ်ရင်း ၁၆ တပ်သား များကြား အပြန်အလှန် ပစ်ခတ် ကြခြင်း ဖြစ်သည်ဟု KIA ကဆိုသည်။
ရွာထဲ အစိုးရ စစ်သား ၅ ဦး ၀င်ရောက် လာစဉ် ယခု ပစ်ခတ် မှုဖြစ်ပွါး ခြင်းဖြစ်ပြီး နှစ်ဘက် ထိခိုက်မှု ရှိ မရှိ မသိရ သေးပါ။
No comments:
Post a Comment