Wednesday, September 14, 2011

KIA မိုင်းကြောင့် မြန်မာစစ်သားများ ထိခိုက်ဒဏ်ရာရ

KNG

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်အတွင်း စက်တင်ဘာ ၁၃၊ ယနေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီခန့်၌ KIA မိုင်းကြောင့် မြန်မာစစ်သားများ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု KIA သတင်းရပ်ကွက်မှ သိရသည်။

ဒဏ်ရာရမြန်မာစစ်သားများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ မြစ်ကြီးနားအခြေစိုက် ခလရ ၃၇ မှ ဖြစ်သည်ဟု ဆိုသည်။

ယခင် KIA ဌာနချုပ် ယခု မြန်မာစစ်တပ်စခန်းဖြစ်သည့် နဖော့ဘွမ် (Nahpaw Bum)တောင်မှ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဂန်တော်ယန်ရွာသို့ မြန်မာစစ်သားများ ဦးတည်လာစဉ် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ပေါက်ကွဲပြီးနောက်တွင်လည်း မြန်မာစစ်သားများအား KIA စစ်သားများက မိနစ်အနည်းငယ် လိုက်လံ ပစ်ခတ်ကြသေးသည်ဟု KIA အရာရှိများပြောသည်။

No comments: