ယခု တလော ချင်းပြည်နယ်ဟားခါးမြို့တော်အတွင်း သားသတ်သူများသည် အလေးချိန်ခိုးပြီး အမဲသားများ ရောင်းချခြင်း၊ ရောဂါရှိသည့် အမဲများ သတ်ခြင်းပြုလုပ်နေသည်။ဆိုင်က ၀ယ်လာတဲ့ အမဲသားကို အိမ်ရောက်ပြီး အလေးပြန်ချိန်တော့ ၇၅ ကျပ်သားပဲ ရှိတယ်၊ သက်ဆိုင်ရာကို သတင်းပို့လည်း ထူးလာမှာ မဟုတ်ဘူး ဟု အိမ်ထောင်ရှင် အမျိုးသမီး တဦး က ဆိုသည်။
သားသတ်သမားများသည် အမဲပေါ်တိုင်း သက်ဆိုင်ရာ စည်ပင်သာယာ၊ တိရိစ္ဆာန်ဆေးကု ဆရာဝန် နှင့် ပြည်သူ့ရဲများထံ နှစ်ပိသာစီ အခွန်ဆောင်နေရသည်ဟု သိရသည်။
သက်ဆိုင်ရာကို အခွန်ဆောင်ပြီးမှတော့ အလေးခိုးလည်း သိပ်မှုစရာမလိုတော့ဘူး၊ တခါတ လေ ရောဂါရှိတဲ့ ကြက်၊ ၀က်တွေ ကို ကြားညှပ်ပြီး သတ်ရ တယ် ဟု သားသတ်သမား ဟောင်း တဦးက ပြောသည်။
ယခုလုပ်ရပ်အပေါ် ဒေသခံပြည်သူများအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ယင်းအပေါ် အစိုးရက အရေးတယူ ဆောင်ရွက်သင့်ကြောင်း ဒေသခံ များက ပြောကြသည်။
အမှန်ဆိုယင် သားသတ်သမားတွေ အလေးခိုးတယ်ပဲထားအုံးတော့၊ တိရိစ္ဆာန်ဆရာဝန်တွေက အမဲကောင်တွေ ကျန်းမာရေးကို အရင်စစ်ဆေးဖို့တော့ ကောင်းတာပေါ့နော် ဟု ဈေးသည် တဦးက ပြောပြသည်။
ဟားခါးမြို့တွင် လက်ရှိ ကြက်တပိသာကျပ်ငွေ ၆၀၀၀ ဖြစ်ပြီး ၀က်သား၊ အမဲသား တပိသာ ကျပ်ငွေ ၅၀၀၀ ဖြစ်သည်။
No comments:
Post a Comment