Wednesday, October 26, 2011

မြန်မာစစ်တပ်နှင့် KIA ကြား အရိန္ဒမာ တွင် ၃ နာရီကြာ တိုက်ပွဲဖြစ်

KNG


မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား မြစ်ကြီးနားတောင်ဘက် မိုင် ၂၀ ကျော် အကွာ အရိန္ဒမာတွင် ယနေ့ (၃) နာရီကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ကြောင်း ဒေသခံများဆိုသည်။

တိုက်ပွဲမှာ နံနက် ၈ နာရီမှ ၁၁ နာရီထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောသည်။

အစိုးရစစ်ကြောင်းတွင် တပ်ရင်းပေါင်းစုံမှ တပ်သားများပါဝင်ပြီး KIA ဘက်တွင် အရပ်သား တပ်သားများပါ ပါဝင်တိုက်ခိုက်သည်ဟု ဆိုသည်။

တိုက်ပွဲတွင် သေဆုံး ထိခိုက်မှုရှိသော်လည်း သိသိကျကျ မသိရပါ။

No comments: