Sunday, October 30, 2011

အဆောက်အဦးပြိုကျ တဦးသေဆုံး

မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁


ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေး ရပ်ကွက် အတွင်း ရှိနှစ်ထပ် တိုက်တလုံး၏ နောက်ဖေးဆောင် စနေနေ့ ညပိုင်းက ပြိုကျခဲ့ရာ တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။

လေးခန်းတွဲ နှစ်ထပ်တိုက် အဆောက် အဦး၏ ညာဘက်ခြမ်း အပေါ်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း တွဲဆက် ထားသည့် နောက်ဖေး ဆောင် ည ကိုးနာရီခွဲ ဝန်းကျင်အချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် မြေညီထပ်တွင်နေထိုင်သည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ် အပေါ် ထပ်တွင် နေထိုင်သည့် အမျိုး သမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

၁၉၆၄ ခုနှစ်က ဆောက်လုပ် ထားသည့် မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ၉၆ လမ်း၊ အိမ်အမှတ် (၂၆) ရှိ အဆိုပါ အဆောက် အဦးကို ရန်ကုန်မြို့ တော်စည် ပင်က သက်တမ်းရင့် အန္တရာယ်ရှိ အဆောက် အဦအဖြစ် သတ်မှတ် ထားပြီး လူနေ ထိုင်ခြင်း မပြုရန် တားမြစ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းခွံ ကြေမွ ဒဏ်ရာဖြင့် သေဆုံး နေသည့် မြေညီ ထပ်တွင် နေထိုင်သူ ဦးသောင်း (၄၉နှစ်) ၏ ရုပ် အလောင်းကို ည ၁၂ နာရီ အချိန်တွင် အဆောက် အဦး အပျက်အစီးပုံများ၏ အောက်မှ တူးဖော်တွေ့ရှိခဲ့သည်။

No comments: