Thursday, October 27, 2011

ကျောက်ပန်း​တောင်း​တွင် ကမ္ဘာလှည့်​ခရီး​သည်ကိုသတ်သူ ​သေဒဏ်စီရင်ခံရ

အေး​နိုင်

ကမ္ဘာလှည့်​ခရီး​သည် ဂျပန်အမျိုး​သမီး​ ​သေဆုံး​ခဲ့​တဲ့​ပြစ်မှုအတွက် တရား​ခံ ကိုမင်း​သိုက်ကို မန္တ​လေး​တိုင်း​ မြင်း​ခြံခရိုင်တရား​ရုံး​က ဒီလ ၁၈ ရက်​နေ့​မှာ ​သေဒဏ်ချမှတ်လိုက်ပါတယ်။

တရား​ခံ ကိုမင်း​သိုက်ကို ရန်ကုန်အင်း​စိန်​ထောင်ကို ပို့​ဆောင်လိုက်ပြီလို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​စက်တင်ဘာ ၂၈ ရက်မှာ ​ကျောက်ပန်း​တောင်ရဲစခန်း​က ဂျပန်အမျိုး​သမီး​အ​လောင်း​ကို ​ကျောက်ပန်း​တောင်း​မြို့နဲ့​ ၁၂ မိုင်အကွာက ​တောတွင်း​တ​နေရာမှာ ​တွေ့​ခဲ့​ပါတယ်။

အဲဒီ​နောက် အ​လောင်း​ကို ​ဆေး​စစ်ရာမှာ မုဒိမ်း​ပြုကျင့်​ပြီး​ သတ်လိုက်တာလို့​ မြင်း​ခြံတရား​ရုံး​က ဆုံး​ဖြတ်ခဲ့​ပြီး​ မုဒိမ်း​၊​ လူသတ် နှစ်မှုအတွက် ​သေဒဏ်ချမှတ်တာလို့​ ​ကျောက်ပန်း​တောင်း​ ​ဆေး​ရုံသတင်း​ရပ်ကွက်က ဆိုပါတယ်။

ဒေသခံ​တွေအဆိုအရ အဲဒီအမျိုး​သမီး​ဟာ ကား​လက်မှတ်ဝယ်ပြီး​မှ အဆိုပါ ဆိုင်ကယ်တက္ကစီသမား​နဲ့​ ​ပြောင်း​လိုက်သွား​တာဖြစ်ပြီး​ အခင်း​ဖြစ်တဲ့​အရပ်က ရွာသူသုံး​ဦး​က ​တွေ့​ရှိပြီး​ ရွာသား​တွေ ဝိုင်း​ဝန်း​ဖမ်း​ဆီး​ပေး​ခဲ့​ပြီး​နောက် သက်ဆိုင်ရာ အဆင့်​ဆင့်​ကိုအပ်ပြီး​ ရဲလက်​ရောက်သွား​တာလို့​ ​ပြောဆိုကြပါတယ်။

သေဆုံး​သူ ဂျပန်အမျိုး​သမီး​ရော၊​ တရား​ခံ​ရောနှစ်ဦး​စလုံး​ အသက် ၃၀ ခန့်​အရွယ်​တွေဖြစ်ကြပြီး​ တရား​ခံမှာ ဇနီး​နဲ့​က​လေး​တဦး​ ကျန်ရစ်တယ်လို့​ မြို့​ခံက ​ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့​ ဂျပန်သံရုံး​က ဂျပန်အမျိုး​သမီး​အ​လောင်း​ကို ပြန်လိုချင်​ကြောင်း​နဲ့​ တရား​ခံကို ဘယ်လိုအ​ရေး​ယူမယ်ဆိုတာ ​စောင့်​ကြည့်​နေတယ်လို့​ မြန်မာအာဏာပိုင်​တွေကို နှစ်ချက်​တောင်း​ဆိုခဲ့​တယ်ဆိုတဲ့​သတင်း​ ​ကျောက်ပန်း​တောင်း​မှာ ကျယ်ကျယ်ပြန့်​ပြန့်​ထွက်​နေပါတယ်၊

No comments: