Monday, October 24, 2011

ကချင် ပြည်တွင်းစစ်ပေါ် နယူးဒေလီမှာ ဆုတောင်းပွဲ ပြုလုပ်

KNG


ပြည်တွင်း စစ်ဖြစ် နေသော မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည် နယ်အတွက် “အထူး အစာရှောင် ဆုတောင်းပွဲ” ကို အိန္ဒိယ နိုင်ငံ နယူး ဒေလီမြို့တွင် ကချင် အမျိုး သားများ အောက်တိုဘာ ၂၂ ရက်၊ စနေနေ့ ကပြုလုပ် ခဲ့သည်။

အိန္ဒိယ စံတော်ချိန် နံနက် ၆ နာရီမှစသော အစီစဉ်တွင် “ကချင်ပြည်နယ်တွင် ဖြစ်နေသောစစ်ပွဲများ၊ စစ်ပြေး ဒုက္ခသည်များ၊ ပြည်သူ လူထုများနှင့် KIO/KIA အဖွဲ့အတွက် တစ်နေ့လုံး အတူတကွ ဆုတောင်းခဲ့သည်” ဟု ပါဝင်ဆုတောင်းသူများ ဆိုသည်။

ဆုတောင်းသူများက “စစ်ဒဏ်ကို ခံစားနေသော ကချင်အမျိုးသားများပေါ် ဘုရားသခင်မှ အကောင်းဆုံး ပြင်ဆင် လမ်းပြပေးမည် ဟု မျှော်လင့်ထားကြကြောင်း” KNG နယူးဒေလီ သတင်းထောက် ဇော်ရော် မှ ပြောသည်။

နယူးဒေလီ အထူး အစာရှောင်ဆုတောင်းခြင်းအစီစဉ်သို့ ကချင်အမျိုးသားများအပြင် အခြား မြန်မာတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကရင်နှင့် ချင်းများလည်း ပါဝင်ကြောင်းသိရသည်။

No comments: