Saturday, October 29, 2011

ဗန်းမော်ခရိုင် ၂ နေရာတိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦး ကျ

KNG


အောက်တိုဘာ ၂၇ ယမန်နေ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ၂ နေရာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား အနည်းဆုံး ၇ ဦး ကျပြီး အချို့ ဒဏ်ရာရကြောင်း ဒေသခံများ ဆိုသည်။

ဆားမော် နယ်မြေခံ ခလရ အမှတ် (၁၀၅) မှ တပ်ချနေသော မန်မော်(ဗန်းမော်)-နမ်ခမ်း လမ်း ကိုင်ထိပ် (Kai Htik) စစ်စခန်းကို KIA တပ်ရင်း ၁ မှ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၃ ဦး ကျ သည်ဟု KIA ကဆိုသည်။

တစ်ရက် ထဲမှာ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ရှိ အင်ဒုန် (Ndung) စစ်စခန်းသို့ ရိက္ခာ သယ်လာ သည့် မြန်မာ စစ်ကား တစ်စီးအား လမ်းခု လတ်တွင် KIA တပ်ရင်း ၂၄ မှ စစ်သားများ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာ KIA အရာတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသော ရိက္ခာတင်ကားသည် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ အမှတ် (၁၄၂) မှ ဖြစ်သည်ဟု KIA က ဆိုသည်။

No comments: