Friday, October 28, 2011

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ

သျှမ်းသံတော်ဆင့်

တရုတ် နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တော ထွက်ပစ္စည်း များသယ် ဆောင်လာ သည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်း ပိုင်မှန်လုံ ယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့ တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက် ပစ္စည်းတွေပါ တယ်။ လောလော ဆယ် နှစ်ဘက် ညှိနေ တုန်းပဲ၊ ယာယီ ထိန်းသိမ်း ထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေး ဆွဲနေသည့် စိတ်ကြိုက် မော်တော်ယာဉ် လိုင်းကို ယခင် ရမခ တိုင်းမှူးမှ ကစထမှူး ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူး အောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

No comments: