Monday, October 24, 2011

တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်

KNG


အောက်တိုဘာ ၂၁ ရက်က ရှမ်းပြည် မြောက်ပိုင်း မုန်ပေါ်မြို့အနီး ရှောင်ဟော (Shau Haw) ကျေးရွာမှ တရုတ် အမျိုး သမီး (၉)ဦးအား မြန်မာ အစိုးရ စစ်သားများ အုပ်စုလိုက် အဓ္ဓမ ပြုကျင့်ပြီး သတ်ဖြတ် ခဲ့ကြောင်း ဒေသခံ များပြောသည်။

ကျူးလွန်သည့် စစ်သား များသည် လားရှိုး အခြေစိုက် အရှေ့ မြောက်ပိုင်း တိုင်းစစ် ဌာနချုပ် (ရမခ)အောက် အမှတ် (၁) အခြေစိုက် စစ်ဗျူဟာ (ကွတ်ခိုင်) လက်အောက်ခံ တပ်ရင်း များဖြစ် သည်ဟု ဒေသခံ တစ်ဦး ကပြောသည်။

အောက်တိုဘာ ၂၂ ရက် နေ့တွင်လည်း မုန်ဘော် အနီး နီရှန်ဟူး(Ni Shang Hu) ကျေးရွာမှ နောက်ထပ် တရုတ် အမျိုး သမီး (၆) ဦး အားလည်း လားရှိုး အခြေစိုက် ခမရ (၅၂၂) မှ စစ်သားများ ပေါ်တာ ဆွဲခေါ် သွားကြောင်း ဒေသခံ များပြောသည်။

ထို့အပြင် ၎င်း စစ်သား များသည် ထိုကျေးရွာမှ ပြည်သူ များ၏ အိမ်မွေး တိရိစ္ဆာန် များကိုလည်း တံခါး မရှိ၊ ဓါးမရှိ ကြိုက်သလို ပစ်သတ် စားနေကြ သည်ဟု ဒေသခံ များဆက် ဆိုသည်။

No comments: