စစ်အာဏာရှင်စနစ်မဟုတ်တော့ဘဲ လူထုမှရွေးကောက်သော အစိုးရတက်လာခဲ့ပြီဖြစ်သော်လည်း မြန်မာစစ် တပ်အင်အား လျော့မသွားသည့်အပြင် နေပြည်တော်၏တပ်ရင်း ၂၉ ရာခိုင်နှုန်း သျှမ်းပြည်၌ ထပ်မံတိုးချဲ့ လာသည်ကို NDD ဒီမိုကရေစီ နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ ယခုနှစ်ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စက်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်မှ လေ့လာချက်အရ သိရသည်။အဆိုပါစာအုပ် တွင် အစိုးရသစ်၏ ဝန်ကြီးဌာနများနှင့် စစ်ဘက်ဆိုင်ရာ တိုင်းစစ်ဌာနအသီးသီးတို့ အစုံ အလင်ဖော်ပြပါရှိ ထားပါသည်။
သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိသည်ကိုတွေ့ရသည်။ ( ကိုးကန့်နှင့် ဟိုပန် တို့တွင် ထပ်မံအခြေချလာသော တပ်မ ၃၃ နှင့် ၉၉ တို့အပြင် ကျောက်မဲမြို့နယ် မိုင်းလုံ အခြေစိုက် လပခ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ ထောက်ပို့တပ်ရင်းနှင့် တခြား တပ်ရင်း ငယ်လေး များထည့် သွင်းရေတွက်ထား ခြင်းမရှိသေးပါ)
ယခုနှစ် ဂျူလိုင်လထုတ် အဆိုပါစာအုပ်၌ပါရှိသော သျှမ်းပြည်ရှိ မြန်မာစစ်တပ်များမှာ-
၁
ရပခ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် စိုးထွတ်
လက်အောက်ခံတပ်ရင်း ၃၆ ရင်း (ကယား/ကရင်နီပြည်အခြေစိုက် တပ်ရင်းများ နှုတ်ပြီး)
၂
ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇော
လက်အောက်ခံတပ်ရင်း ၅၀ ရင်း
၃
တြိဂံတိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး
လက်အောက်ခံတပ်ရင်း ၄၀ ရင်း
၎
ရလခ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် မြထွန်းဦး
လက်အောက်ခံတပ်ရင်း ၂၆ ရင်း
၅
နယ်ခြားစောင့်တပ်
၅ ရင်း
၆
ဆက်သွယ်ရေးတပ်ရင်း
၅ ရင်း
၇
အမြောက်တပ်ရင်း
၃၉ ရင်း
၈
ဒုံးလက်နက်တပ်ရင်း
၂ ရင်း
၉
တင့်ကားတပ်ရင်း
၎ ရင်း
၁၀
သံချပ်ကာတပ်ရင်း
၃ ရင်း
၁၀
လေကြောင်းကာကွယ်ရေးတပ်ရင်း
၈ ရင်း
၁၁
အင်္ဂျင်နီယာတပ်ရင်း
၅ ရင်း
စုစုပေါင်းတပ်ရင်း
၂၂၃ ရင်း
မြန်မာစစ်တပ်တွင် စင်စစ် ဖွဲ့စည်းပုံအရ တပ်ရင်းတရင်းလျင် အင်အား ၇၇၇ ရှိရမည်ဟုဆိုသော်လည်း ယခုအခါ တပ်ရင်းတရင်း ပျှမ်းမျှအင်အား ၁၅၀ ခန့်သာ ရှိကြောင်း လားရှိုးအခြေစိုက် ရမခ တိုင်းရုံးနှင့် ရင်းနှီးသည့် စစ်ရေးလေ့လာသည့်ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာကြည့်ရှုလိုပါက Email: ndddrd@csloxinfo.comThis e-mail address is being protected from spambots. You need JavaScript enabled to view it (or) ndddrd07@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟု အဆိုပါစာအုပ်၌ ဖော်ပြထားပါသည်။
No comments:
Post a Comment