ရန်ကုန်တိုင်း အတွင်း ရှိ ရထား ၀န်ထမ်း အိမ်ယာ များတွင် လက်ရှိ ရထား ၀န်ထမ်း မိသား စုဝင် မဟုတ် သူတို့ကို ဆက်လက် နေထိုင်ခွင့် မပြုဘဲ ပြောင်းရွှေ့ ခိုင်းမှုကြောင့် မိသား စုပေါင်း ရာချီ အိုးမဲ့ အိမ်မဲ့ ဖြစ်နေသည်။စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ပြီး ၀န်ထမ်း အိမ်ယာမှ ဖယ်ရှား ခံရသူ အများ အပြားမှာ ပင်စင်စား ရထား ၀န်ထမ်း မိသားစု များဖြစ်ပြီး အိမ်သစ် မရှာနိုင် သေးသဖြင့် ဘူတာ ရုံများ၊ မြေလွတ် များတွင် ယာယီ နေထိုင် နေကြသည်။
''၁၀ ရက် ကျော်ပြီ။ ဘူတာရုံမှာ နို့မပြတ် သေးတဲ့ ကလေး တွေနဲ့ အိပ်နေ ရတာ" ဟု သင်္ဃန်းကျွန်း ရထား ၀န်ထမ်း အိမ်ယာမှ ထွက်ခွာ ခဲ့ရသော ရထား ၀န်ထမ်း ဟောင်း တဦး၏ သမီး ဒေါ်တင်တင်ဝင်းက ပြောသည်။
တခြားနေရာသို့ ပြောင်းရွှေ့ပြီးအိမ်ငှားရန် ငွေကြေးအလုံအလောက် မရှိကြောင်း မလွှကုန်း ဘူတာရုံတွင် ယာယီ နေထိုင်နေသော မီးရထား သံလမ်း ပြုပြင်ရေး ၀န်ထမ်းဟောင်းတဦီးက ပြောသည်။
"အောက်ခြေ၀န်ထမ်းရတဲ့ပိုက်ဆံက စားဖို့ အနိုင်နိုင်။ သူတို့ သတ်မှတ်ထားတဲ့ ကာလမှာ အိမ်တလုံးငှားဖို့ ပိုက်ဆံ မရှာနိုင်တော့ လမ်းဘေးမှာ ကလေးတွေနဲ့ ခွေးဖြစ်နေတယ်" ဟု သူက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ယာများမှ ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည်ဟု မီးရထားဝန်ကြီးဌာနထံမှ သိရသည်။
ဝန်ထမ်းမိသားစုဝင် မဟုတ်သူများကို ပြောင်းရွှေ့ရန် တလ ကြိုတင် အသိပေးခဲ့ကြောင်း၊ ၀န်ထမ်းအိမ်ယာများတွင် လူပေါင်းစုံ လာရောက် နေထိုင်ပြီး ရာဇ၀တ်မျိုးစုံ ဖြစ်နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မီးရထားဝန်ထမ်းများ နေထိုင်သည့် ပေ၂၀ ပတ်လည် မြေကွက်တကွက်တွင် မိသားစုသုံးစု အထိ ငှားရမ်းပြီး အတူ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
" ငှားထားတဲ့ လူတွေကို စပေါ် ယူထားလို့ ပြန်မရှင်းနိုင်ရင် အဲဒီဝန်ထမ်းပါ အလုပ် ဖြုတ်ပစ်တယ်" ဟု ဗိုလ်တထောင်ရထားဝန်ထမ်းအိမ်ယာတွင် နေထိုင်သူတဦးက ဆိုသည်။
မိသားစု အများအပြားသည် ပြောင်းရွှေ့ပေးရပြီး ရက်၂၀ ကျော် ကြာလာသည့်တိုင် နေထိုင်ရန်အိမ် ရှာဖွေနိုင်ခြင်း မရှိသေးပေ။
No comments:
Post a Comment