Sunday, October 2, 2011

မြန်မာအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

အေး​နိုင်

လွန်ခဲ့တဲ့ လပိုင်းက ရန်ကုန်မှာ ကျင်းပတဲ့ ကမ္ဘာ့ ဖလား ခြေစစ် ပွဲမှာ မြန်မာ ဘောလုံး ပရိသတ်က တဖက် (အိုမန်) အသင်း အပေါ် ပြုမူချက် တွေအပေါ် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ ချုပ်ကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ၀င်ခွင့် ပိတ်ပင် လိုက်သလို ဒဏ်ငွေ အမေရိကန် ဒေါ်လာ (သုံးသောင်းကျော်) ချမှတ် လိုက်ပါ တယ်။

ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အကြို အာရှဇုံ ဒုတိယ အဆင့် ခြေစစ်ပွဲမှာ မြန်မာနဲ့ အိုမန် အသင်းတို့ ကစားစဉ် အတွင်း ဖြစ်ခဲ့ တဲ့ပြဿ နာကို အရေးယူ လိုက်တာပါ။

ရန်ကုန်မြို့ သုဝဏ်ဏ ကွင်းမှာ လက်ခံ ကစားစဉ် ပွဲကြည့် ပရိသတ်တွေ က ကွင်းထဲကို ပုလင်း ခွံတွေ၊ ခဲတွေနဲ့ အတူ ရေဘူး တွေနဲ့ပါ ပစ်ပေါက်တဲ့ အထိ ဖြစ်ခဲ့ တာမို့ ပွဲကို ရပ်နား လိုက်ရတဲ့ အပေါ်မှာ ဖီဖာက အရေး ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအရေးယူခံရတဲ့အတွက် နိုင်ငံဂုဏ်သိက္ခာကျဆင်းသလို ဘောလုံးလောက အတွက်လည်း နစ်နာတယ်လို့ မြန်မာ လောလုံး အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုးမိုးက ပြောပါတယ်၊

“တိုင်းပြည်သိက္ခာ၊ ဘောလုံးသိက္ခာ ကျတာပေါ့ဗျာ။ အရှိန်ယူနေတဲ့အချိန်မှာ ဒီလိုမျိုး အရေးယူခံရတယ်ဆိုတော့ မကောင်းဘူးပေါ့။ ဘောလုံးပိတ်တာရော၊ ဒဏ်ရိုက်တာရော၊ အရေးယူခံရပြီဆိုရင် ဘာမှ မကောင်းဘူး။ အရေးယူမခံရအောင် ကျနော်တို့ အားလုံးနဲ့ ညှိပြီး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ ရမယ်။ ကျနော်တို့နိုင်ငံအတွက် နစ်နာတယ်ဆိုတာ ပရိသတ်တွေ နည်းနည်းတော့ နားလည်သွား မှာပေါ့ နော်။ တဒဂင်္မှားပြီးသွားပြီဆိုရင် မှားတာကို အပြစ်မပြောတော့ဘဲနဲ့ ဒါမျိုး နောက်ထပ် ထပ်မမှားဖို့ပဲပေါ့။”

ငွေဒဏ်ကို မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အိတ်စိုက် ပေးဆောင်နိုင် ပေမယ့် ၂၀၁၈ ခြေစစ်ပွဲ ပိတ်တာ ကိုတော့ အသနား ခံစာ တင်မယ်လို့ ဦးစိုးမိုးက ပြောပါတယ်။

No comments: