Saturday, October 15, 2011

နှစ်ရှည်ထောင်ဒဏ်မှလွတ်မြောက်ဆဲ SSA-N နာယက လားရှိုးနေအိမ်ပြန်ရောက်

သျှမ်းသံတော်ဆင့်

စစ် အစိုးရ ၏ထောင်ဒဏ် နှစ် ၁၀၀ ကျော် အပြစ်ပေး ခြင်းခံ ရရာမှ အစိုးရ သစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့် လွတ်မြောက် လာသော သျှမ်းပြည် တပ်မ တော်မြောက်ပိုင်း နာယက ဗိုလ်ချုပ် ဆေထဲန့် ယနေ့ နေ့ ခင်း ပိုင်းလားရှိုး မြို့နေအိမ် သို့ရောက် ရှိကြောင်း မိသား စု များ ထံမှ သိရ သည်။

“အဲအေးရှားဝင်းလေကြောင်းနဲ့လာတယ်။ နေ့ခင်း ၂ နာရီ ကျော်ကျော်လောက်မှာရောက်မယ်တဲ့။ မနေ့ကတော့ ရန်ကုန် မှာဆေးစစ် တာပေါ့။ ကျန်းမာရေးအခြေအနေကောင်းတယ်လို့ ဆရာဝန်ကပြောတယ်” ဟု သမီး ဖြစ်သူ နန်းခမ်းဖောင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

သျှမ်းပြည် တပ်မတော်၊ သျှမ်းပြည် တိုးတက်ရေး ပါတီ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကလည်း ဗိုလ်ချုပ် ဆေထဲန့် အပြင် ကျန်ရှိ နိုင်ငံ ရေး အကျဉ်း သားများ၊ သျှမ်းခေါင်း ဆောင်များအား ထပ်မံ လွှတ်ပေးရန် အစိုးရ သစ်အားတိုက် တွန်းတောင်း ဆို လိုက်သည်။

“ကျနော်တို့အကြီးအကဲ လွှတ်လာတာကိုဝမ်းသာတယ်။ သို့ပေမယ့် ကျန်သော ဦးခွန်ထွန်းဦးတို့ ဦးစိုင်းညွန့်လွင် တို့ အစ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးစေချင်တယ်။ ကျနော်တို့ဆီကို အစိုးရသစ်က ကမ်းလှမ်း လာတဲ့ နောက် ပိုင်း ၁-နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ ၂-ကျနော်တို့ထိန်းချုပ်နယ်မြေထဲကိုတိုးချဲ့နေရာ ယူလာတဲ့ မြန်မာစစ် တပ်အင်အားကို ရုပ်သိမ်းပေးဖို့ ကျနော်တို့တောင်းဆိုတယ်။ နာယကကြီးလွတ်မြောက်မှု ကြောင့် ရှေ့ဆက်ဆွေးနွေးဖို့ အလားအလာ ပိုကောင်းလာတယ်လို့ဆိုနိုင်တာပေါ့” ဟု ဆို၏။

၂၀၀၅ ခုနှစ် ဗိုလ်ချုပ်ဆေထဲန့်တို့ အဖမ်းခံရပြီးနောက်ပိုင်း ၂၀၀၈ အခြေခံဥပဒေအရ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့အား ပြည်သူ့စစ်အသွင်ပြောင်းရန် စစ်အစိုးရ ဖိအားပေးမှုကြောင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့အတွင်း ၂ ဖွဲ့ကွဲသွားသည်အထိ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့် စိန်ကျော့ ဌာနချုပ် တပ်ဖွဲ့ နှင့် တပ်မဟာ ၃ ၊ တပ်မဟာ ၇ တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားသော်လည်း ဗိုလ်ချုပ် ပန်ဖှဦးဆောင်သည့် တပ်မဟာ ၁ ကမူ အသွင် ပြောင်းခြင်းလုံးဝ လက်မခံသဖြင့် ဥပဒေပြင်ပ အဖွဲ့အစည်းအဖြစ် စစ်အစိုးရသတ်မှတ်ကာ ၆ လ တိုင်တိုင် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

“ မတ်ခ်ျလကနေ ဩဂတ်စ်လအထိ ကျနော်တို့နဲ့ မြန်မာစစ်တပ်တို့ ရင်ဆိုင်တိုက်ပွဲပေါင်း ၃၀၈ ပွဲ ဖြစ်ပွါးခဲ့တယ်။ မြန်မာ စစ်သား ၅၃၇ ယောက်ကျတယ်။ ၆၄၉ ယောက် ဒဏ်ရာရရှိတယ်။ ကျနော်တို့ဖက်က ၃၃ ယောက်ကျ တယ်။ ၄၄ ယောက် ဒဏ်ရာရတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ယခုလ ၁၀ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းကျခံနေရသည့် သက်ကြီးရွယ်အိုများ၊ ရောဂါသည် များနှင့် လွှတ်သင့်လွှတ်ထိုက်သူများကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုကြေငြာခဲ့ခဲ့သော်လည်း ကျန်းမားရေး ချို့တဲ့နေသော အသက် ၇၀ ကျော် ခွန်ထွန်းဦး စိတ်ရောဂါဝေဒနာရှင် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင်စိုင်းမျိုး ဝင်းထွန်း နှင့်အခြား ခေါင်းဆောင်များ အားလွှတ်ပေးခြင်းမရှိသေးပေ။

No comments: