သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီး ကျေးရွာမှအစိုးရစစ်တပ်ကျောထောက်နောက် ခံပြု ထားသော ဋ္ဌာနေ ပြည် သူ့စစ် အဖွဲ့ဝင် ၃ ဦးကို SSA/SSPP လက်နက်ကိုင်တပ်နှင့် ဆက်သွယ်သည် ဆိုသည့် သံသယဖြင့် ယမန်နေ့ နံနက် ၂ နာရီခန့်က အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
၎င်းပြည်သူ့စစ်အဖွဲ့ဝင်များမှာ စိုင်းအေစိုင်း ၊ စိုင်းလျံနှင့် အိုက်တန်းတို့ ဖြစ်ပြီး ယခုအခါ နမ့်ခမ်းမြို့ ရဲစခန်းတွင် အစစ် အဆေးခံ နေရကြောင်း ၎င်းအဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မုံးဝီးပြည်သူ့စစ် ၃ ယောက်ကို မနေ့မနက်ပိုင်းက သွားဖမ်းတာ။ ဒီကနေ့ပဲ နမ့်ခမ်းမြို့နယ် ရဲစခန်းမှူး ကိုယ်တိုင် မုံးဝီးကို ဆင်းသွားတယ်။ သူတို့ကို ရိုက်နှက်ပြီး စစ်ဆေးနေတာကြောင့် အတော်လေး နာနေပြီ” ဟု သူက ဆိုသည်။
အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟိုမုန်းပြည်သူ့စစ်နှင့် အဆိုပါ မုံးဝီးပြည်သူ့စစ်တို့ နှစ်ဖွဲ့မသင့်မမြတ် ဖြစ်ကြ သဖြင့် SSAနှင့်ဆက်သွယ်မှုရှိသည်ဟု ဟိုမုန်း ပြည်သူ့စစ်က စစ်တပ်ထံ တိုင်ကြားခဲ့ပြီးနောက်မုံးဝီးပြည် သူ့စစ် ၃ ဦးအား ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment