
ဘယ်လိုမှ အမှီ မလိုက် နိုင်တဲ့ မေတ္တာ၊ စေတနာ၊ အနန္တ တို့နှင့်အတူ အလွန် ကျဉ်းမြောင်း လှတဲ့ မြန်မာ့ မြေထဲမှာ တပါးသူ အတွက် အသက်ကို စွန့်ပြီး ကယ်တင် ပေးခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို အမှီ လိုက်ဖို့ ကြိုးစားကြည့် ပါတယ်။ ကြာလေ ဝေး လေပါဘဲ။ သူ့အကြောင်း မသိ ရင်တော့ – ဒီချာတိတ် ငါလောက် မလုပ်နိုင် ပါဘူးလို့ ပြောတဲ့ လူတောင် ရှိကောင်း ရှိမယ် (ရှိပါတယ်)။ ကိုသန်းရွှေ-တဲ့ မြန်မာပြည်ရဲ့ တစ်ခေတ်မှာ ပဒေသရာဇ်ပေါ့။ ဒီလူကို အာခေါင်ထဲ ဘယ်တော့ လှံစူးမလဲ စောင့်ကြည် နေသူ တွေက အနတ္တမဂ္ဂ။ စောင့်ကြည့် ယုံနဲ့ ပြီးလား၊ ဆယ်စုနှစ် သုံးစု စာလောက် ယခင်ကရော ယခုရော နိုင်ငံရေး စနစ် မပီပြင် မမှန်ကန်လို့ အမှား လမ်းကြော ထဲမှာ ရောပြီး၊ မြောပြီး ကိုယ်ကိုတိုင် ပါဝင် နေကြတဲ့ တိုင်းပြည် သူသားတွေကို အုပ်ချုပ် နေရတဲ့ မင်းရဲ့ လွယ်ကူမှု ကို အထောက်အပံ့ ပေးနေကြတဲ့ လူတွေရော မသိ ကျိုးကျွန် ပြုနေကြ တဲ့သူ တွေရော အားလုံးမှာ တာဝန်ရှိတယ် ထင်တာပဲ။ ဤစကား မှန်၏။
ယခုအခါ ပြည်တွင်းပြည်ပတွင် မြန်မာပြည်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အားတက်သရောလှုပ်ရှားနေသူများ များစွာရှိနေသေးတယ်။ သို့သော် ပြည်ပမှ လူတွေအကြောင်းကို သိသင့်သလောက် သိသော်လည်း၊ ပြည်တွင်းမှ လူများကိုတော့ အလုံးစုံနီးပါး သိပါ၏။ နိုင်ငံရေး လုပ်နေသလား။ စီးပွားရေး လုပ်နေသလား။ ကျနော်သည် လက်လှမ်းမီရာ အဖွဲ့အစည်းများအပေါ်တွင် လည်ကောင်း၊ ကျနော့်နှင့် တစ်ဦးချင်း ဆက်နွယ်မှုရှိသူများကိုလည်ကောင်း ဝေဖန်ရာတွင် ကိုယ့်ပေါင်ကို လှန်ထောင်းရာ ရောက်မည် ဖြစ်သည့်အတွက်ကြောင့် မပြောလို။ ဤထဲမှာ အဖြေပါ၏။
ကျွန်ုပ်သည် ကျွန်ုပ်ကိုယ် ကျွန်ုပ်စမ်းစစ်ပါ၏။ တပါးသော လုပ်ဖေါ်ကိုင်ဖက်များကိုလည်း မှတ်မိနိုင်သမျှ စမ်းစစ်ပါ၏။ အားရစရာ မကောင်းလှ။ ကျွန်ုပ်ကရော ကိုယ့်ကိုကိုယ် အားရသည်မရှိပါ။ ဗျာဗျာရေမှ တစ်ဗျူးသာ ရှိကျန်ခဲ့သည့် လက်မထောင် စင်ပေါ်တက် လက်ခုပ်ချူ (ကြီးငယ် မဟူ) နိုင်ငံရေးသမားများလည်း ရှိ၏။ နှလုံးသားနှင့် ပညာကိုပေးပြီး အပြစ်နှင့် မတန်သော ဆိုလိုသည်မှာ ဒီမိုကရေစီအခွင့်အရေးများ မရှိသော ကာလအပိုင်းအခြားတစ်ခုတွင် ရိုးရိုးသားသား အကျဉ်းကျခံနေရသူများ၊ ၎င်းတို့ပြီး။ ပြီးပြီလား။ မဟုတ်။ နှလုံးသားနှင့် ပညာကို အရင်းတည်ပြီး နိုင်ငံရေးလှုပ်ရှားသူ မျိုးဆက်သစ်လူငယ်များလည်း အမှန်တကယ် ရှိ၏။ နိုင်ငံရေးဖြစ်စဉ်နှင့် လွတ်လပ်လိုသော ပြည်သူ့တို၏ ဆန္ဒကို အရှည်သဖြင့် ဘယ်သူက ဟန့်တားနိုင်မှာလဲ။ ကျွန်ုပ်တို့ မဟုတ်လျှင် ကျွန်ုပ်တို့၏ သားတွေကို ကျော်လိုက်၊ နှစ်ထောင်ချီ ခရီးလည်း ဖြစ်နိုင်တာပဲ။ တက်မယ့် လူသစ်တွေက ရှေ့ကလူကို ကြည့်၍ လည်းကောင်း၊ မြန်မာ့သတင်းစာနှင့် ရေဒီယိုတို့၏ ၀ါဒဖြန့်မှုကြောင့်လည်းကောင်း၊ ရောင်ဝါးဝါး ဖြစ်လာစရာအကြောင်းများ၊ များစွာရှိသည်။
ဗိုလ်ချုပ်အပြီး သမီး ဒေါ်အောင်ဆန်းစုကြည် အားလုံးက အမေဟု ခေါ်သည်။ Our mother for Democracy. ကျနော်ကတော့ ဆရာမဟု ခေါ်သည်။ မမြင်ဘူးပဲ သင်ပေးတဲ့ ဆရာမ။ ပညာတကာထဲက ရိုးသားမှုကို သင်ပေးတဲ့ ဆရာမ – ဓမ္မတရား ရှာခက်တဲ့အချိန်မှာ ပေါ်လာတဲ့ ကျနော်တို့ လေးစားတဲ့ ဆရာမ။ အမေဆိုလည်း သိပ်ကောင်း။ ဘယ်လိုပဲ ကင်းပွန်းတပ်တပ် အမေဟူသော၊ ဆရာမ ဟူသော ခေါင်းဆောင်၏ လမ်းညွှန်မှုအောက်မှာ ကျွန်ုပ်တို့သည် တသွေးထဲ၊ တသံထဲ၊ မေတ္တာတစ်ခုထဲအတွင်းမှာ သွားနိုင်ကြပါမလား၊ မအေကို ၀ိုင်းပြီး လိမ်နေကြရင်တော့ အောင်ဆန်းစုကြည် အလကား ဖြစ်မယ်။ အနီး-အဝေး ရှိရှိသမျှ သတိထားကြပါကုန်။
တခါတရံ ပြည်ပမီဒီယာများမှ ကြားရသည်မှာ ဒီမိုကရေစီအခွင့်အရေးအရ အပြုသဘော ဆွေးနွေးဝေဖန်ခြင်းများ ကြားရ၏။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ- ဘာလဲ သဘော။ ဘယ်က လာတဲ့ အသံပါလဲ။ အတိုက်အခံကလား။ ဒါမှမဟုတ် ခေါင်းကြီးပိုင်းကို ဝေဖန်ရင် ငါ့အမည် ပိုရမယ်ထင်လို့လား။ အမျိုးသားပြယုဒ်အနေနဲ့ ခင်ဗျားတို့ ဘာမှ မလုပ်နိုင်သေးဘူး။ ပညာကလည်း မမှီဘူး။ သချာင်္လည်း မမှီဘူး။ အစဉ်ကာလဲ မမှီဘူး။ အထူး သတိပြုပါ- အောင်ဆန်းစုကြည်က အလေနုတောထဲက ပေါက်လာတာ မဟုတ်ဘူး။ ဥကပဲ ပေါက်လာဦးတော့ ပြည်တွင်းထဲ ရောက်လာပြီဆိုကတည်းက သူမရဲ့ နှုတ်ထွက်စကားများနဲ့ ဦးဆောင်မှု မိန့်ခွန်းတွေကို ပြည့်ပြည့်၀၀ နားထောင်ကြည့်ဖူးသလား။ ဖတ်ဖူးသလား။ မတည်မငြိမ်နဲ့ မ၀ရေစာ စားနေရတဲ့ ပြည်သူတွေထဲမှာ ရာစုနှစ်တစ်ခုမှာမှ တစ်ယောကလာက်ပေါ်တတ်တဲ့ ဒီလိုခေါင်းဆောင်တွေ ဘယ်လောက် အန္တရာယ်ရှိတယ်လို့ စာတွေ့ရော၊ လက်တွေ့အနီးစပ်ဆုံး ပြောရရင် (ဒီပဲယင်း) မှာပါ မြင်ခဲ့ပြီ။ ဗိုလ်ချုပ်ကလည်း ပြောဘူးပါတယ်- ဒီတိုင်းပြည်မှာ အာဇာနည်တွေ အသက်မရှည်တတ်တဲ့ အကြောင်း၊ သူ သေမယ့် ရက်တောင် သူခန့်မှန်းသွားသေးတယ်။ (၁၈) လတဲ့ နောက်ထပ်။
ဗိုလ်ချုပ်က သူ့ခေတ် သူ့အခါနဲ့ လိုက်လျောညီထွေတဲ့ နိုင်ငံရေးဗျူဟာကို ချမှတ်ခဲ့တယ်။ လိုရင်းကို လိုရင် လိုသလို ပြောင်းတယ်။ တိုင်းပြည်အကျိုးနဲ့ သဟဇာတ မဖြစ်ရင် သူကိုယ်တိုင်ရဲ့ အတွေးအမြင်ပါ ပြောင်းပြစ်တယ်။ အဖြေကို စာထဲက အသိနဲ့ မသွားခဲ့ဖူး။ သူ သွားတာ ပြည်သူ့အသံနဲ့။ ကွယ်လွန်ပြီးတဲ့ ဦးလွင်ကလည်း ပြောဘူးတယ် – အခြေခံဥပေဒဆိုတာ ပျော့ပျောင်းညင်သာ ပြုပြင် ပြောင်းလဲ နိုင်မှု ရှိဖို့လိုတယ်။ “ညီမလေး အရပ်နိမ့်နေတယ်၊ ဒေါက်ဖိနပ် ၀တ်လိုက်ပေါ့” ဆိုလိုတာက ညင်ညင်သာသာ ကူးပြောင်းနိုင်ဖို့ပါ။ ဆိုလို တာက ဒီဥပဒေကို လူက လုပ်တာပါ၊ တိုင်းပြည်နဲ့ သဟဇာတ မဖြစ်ရင် အလိမ္မာရှိတဲ့ အစိုးရဟာ ပြောင်းရဲရမယ်။
ဆရာမကလည်း ဒီအတိုင်းပါပဲ။ သေနတ် မကိုင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ပြီးမြောက်ပြီး- ရန်မဖြစ်ကြေး၊ ခွင့်လွှတ်ကြေး၊ ဒါပါဘဲ။ ဒါ အောင်ဆန်းရဲ့ သဘောတရားပါပဲ။ နှောင်းလူများ အခြေပြု စဉ်းစားစေချင်ပါသည်။
NLD ဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ပျက်လို့ ပျက်ကယ် ပြောနေသူများ၊ ဖျက်လို့ ဖျက်ဆီး လုပ်နေသူများကို ပြောချင်ပါတယ်။ လူကို ခွေးကိုက်လို့ သေရင်
Whoever shoots her, it comes from Than Shwe.
No comments:
Post a Comment