Tuesday, October 16, 2012

ရဟန်းတော်များ ရန်ကုန်တွင် အိုအိုင်စီ ကိစ္စ ဆန္ဒထုတ်ဖော်

မင်းခိုင်မိုက်(ရန်ကုန်)

ဒီကနေ့ ရန်ကုန်မြို့မှာ ရဟန်းတော်တွေ အိုအိုင်စီ မြန်မာ နိုင်ငံမှာ ရုံးဖွင့်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒ ထုတ် ဖေါ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ရဟန်းတော်များ အပါအ၀င် လူပေါင်း အင်းအား ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည် ၁နာရီအချိန်ကစပြီးတော့ ရ ဟန်း ရှင်လူအပေါင်းဟာ ရွှေတိဂုံ အရှေ့ဖက်မုဒ်ကနေ ဆူလေအထိ စီတန်း လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

စီတန်းလမ်းလျှောက်ယင်း “ အိုအိုင်စီ အလိုမရှိ” စတဲ့ ကြွေးကြော်သံကို သံပြိုင်တောင်းဆိုကြ ပြီးတော့ ဆူလေဘုရားရှေ့မှာလည်း လော်စပီ ကာတွေနဲ့ တောင်းဆိုချက်တွေကို သောင်းသောင်းဖျဖျ တောင်းဆိုခဲ့ ကြပါတယ်။

တောင်းဆိုတဲ့ အထဲမှာ OIC ကို မြန်မာအစိုးရအနေနဲ့ လုံးဝခွင့်မပြုသင့်တဲ့ အကြောင်းကို နိုင်ငံပိုင် သတင်း စာတွေ၊ ရေဒီယို ရုပ်မြင်သံ ကြား တွေကနေတဆင့် အတိအလင်း ထုတ်ဖော် ကြေညာဖို့ တောင်းဆိုကြပါ တယ်။

ဒါ့အပြင် OIC ယာယီရုံးဖွင့် လှစ်ရေး အတွက် မြန်မာအစိုးရအနေနဲ့ လက်မှတ်ထိုးခဲ့တာဟာလည်း ပြည်သူတွေ ဆန္ဒကိုမထီမဲ့မြင် ပြုလုပ် ခြင်း ဖြစ်တယ်လို့ သံဃာတော်တွေက ပြောဆိုကြပါတယ်။

တောင်းဆိုသူတွေဟာ OIC ကိုကန့်ကွက်တဲ့ တီရှပ်တွေ ၀တ်ဆင်ခဲ့ကြပြီးတော့ တောင်းဆိုချက်တွေ ရေးထားတဲ့ ထုတ်ပြန်ချက်တွေကို လည်း သတင်းထောက်တွေနဲ့ လူထုကြားမှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ပြီးခါနီး နေ့လည် ၂နာရီခန့်မှာတော့ မြို့တော်ခန်းမထဲကနေ ရဲမှူးတဦးအပါအ၀င် ရဲလုံခြုံရေး တွေ ရောက်လာပြီးတော့ အတင်း ပြန် ခိုင်းတာမျိုး ပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေအကြားမှာ တင်းမာမှု တချို့လည်း ရှိခဲ့ပါတယ်။

အခု ရန်ကုန်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲကြီးဟာ ၂၀၀၇ ရွှေဝါရောင် ဆန္ဒပြပွဲနောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။

No comments: