ဇင်ကီး
ရခိုင်ဒေသတည်ငြိမ်မှု မရှိသမျှ ရခိုင်အမျိုးသမီများ၏ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်ခံနေရသဖြင့် တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် ကာ ကွယ် ရန် လိုအပ်နေခြင်းကြောင့် စစ်တွေမြို့၌ အမျိုးသမီး (၂၀၀) ကလာမည့်နှစ်ပတ်အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို စက်တင်ဘာ ၂၆ ရက်နေ့က မြို့နယ်အာဏာပိုင်တွေထံ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြ ခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချတယ်။ ၂၇ရက်နေ့မှာ ပြည်နယ်ကိုဆက်တင်ပါတယ်။ ၂၉ရက်နေ့မှာ ပြည်နယ်က တောင်းဆိုချက် တချို့ကိုပြင်ခိုင်းသလို ၂၈ရက်နေ့ ကောလဟလကြောင့် လူထုအုံကြွမှုဖြစ်လုနီးပါး အနေအထား ကို ထောက်ပြပြီးတော့ နှစ်ပတ်စောင့်ခိုင်း ထား တယ်။ တောင်းဆိုချက် တချက်ကိုဖြုတ်ပေးခဲ့တယ်။ သူတို့ကနှစ်ပတ်အတွင်းမှာ အ ကောင်း ဆုံးဖြစ်အောင် လုပ်ပေးမယ်ပြောပါတယ်" ဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြုလုပ်မည့် ဒေါ်ညိုအေးက ပြောသည်။
တောင်းဆိုချက်များတွင် ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုလေးစားလိုက်နာရန်၊ တရားမ၀င် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာ့ပြည် တွင်းရေးကို OIC ၀င်မစွက်နှင့်၊ မြန်မာပြည်မှာ ဘယ်အချိန် ကမျှ ရိုဟင်ဂျာမရှိ၊ မြေမျို၍လူမျိုးမပျောက် လူမျိုမှလူမျိုးပျောက်မည်၊ မြန်မာ့ အမျိုးသမီးများဘ၀ လှပလုံခြုံမှု ရှိပါစေ၊ မြန်မာတမျိုးသားလုံး စည်းလုံးညီညွှတ်ကြ ဟူ၍ အချက်များပါဝင်ကြောင်းသိရသည်။
"ရခိုင်တိုင်းရင်းသားတွေဟာ တရားမ၀င် နယ်စပ် ဖြတ်ကျော်လာတဲ့ ဘင်္ဂလီတွေနှင့် အတူနေထိုင် ရန် လုံးဝမဖြစ်နိုင်တဲ့အထဲ စစ်တွေမြို့မှာ OIC ရုံးလာထိုင်မည်ဆိုရင် အမျိုးသားလုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာပါ ကျဆင်းစေနိုင် ပါတယ်။ မြန်မာနိုင်ငံပြည်တွင်းရေးကိုဝင် ရောက်စွက်ဖက် ရာရောက် နေတယ်၊ ရခိုင်ဒေသခံတေရဲ့ အသည်းနှလုံးကို အပ်နှင့် ဆွပေးသ လို ဖြစ်နေတယ်၊ ကျမတို့အနေနဲ့ OICကို ရခိုင်မှာ လက်မခံနိုင်ဘူး" ဟု အမျိုးသမီးခေါင်းဆောင်တစ်ဦးကပြောသည်။
ယခုလ ၂၅၊ ၂၆ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဒေသလုံးဆိုင်ရာ လူထု အစည်းအဝေးကလည်း ရခိုင်ပြည်နယ်တွင် OIC ရုံး ဖွင့်လှစ်မည်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ထားသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် "GetOut OIC Stop" စာတမ်းပါ အ၀ါရောင်တီရှပ်များကို ၀တ်ဆင် မည်ဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များဘက်က နှစ်ပတ်အတွင်း ခွင့်ပြုချက်မရသော်လည်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါ်ညိုအေးကပြော သည်။
No comments:
Post a Comment