Wednesday, October 17, 2012

ငြိမ်းချမ်းရေးအတွက် ရှမ်းအဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းဆောင် ရွက်တော့မည်

ကော့လီ

ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့စေနိုင်မယ့် နည်းလမ်းရှာဖွေဖို့ အတွက် ရှမ်းနိုင်ငံ ရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြတော့မယ်လို့ သတင်းရ ရှိပါတယ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP-SSA)၊ ဆင်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အခြား လူမှုအခြေပြုအဖွဲ့အ စည်းတွေက ကိုယ်စားလှယ်တွေ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်နိုင်အောင်း အဖြေရှာနိုင်မယ့် ကွန်ဖရင့် တစ်ခု (Conference for Trust Building for Peace) ကျင်းပဖို့ သဘောတူခဲ့ကြပြီး ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် အဖွဲ့တွေ အများဆုံး ပြည်နယ်က ရှမ်းပြည်နယ်ပဲ။ ဒီတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်၊ အဆင်မပြေလို့ ပြန်တိုက်လိုက်၊ ပြန်လုပ်လိုက်နဲ့ သံသရာ လည်နေတယ်။ ဒါဟာ လူထုကို အဓိက ပိုမိုထိခိုက်စေတယ်။ ဒီလို ခဏခဏ အပစ်ရပ်လိုက် ပြန်တိုက်လိုက် ဖြစ်နေရတာဟာ တစ်ဖက်နဲ့ တစ်ဖက် မယုံလို့ပဲ။ ငြိမ်းချမ်းရေးအတွက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ဘယ်လို ယုံကြည်မှုတွေ တည်ဆောက်ကြမလဲဆိုတာကို အဖြေရှာဖို့အတွက် အရေးတကြီး လိုအပ်နေပါတယ် – လို့ ကွန်ဖရင့် ဖြစ်မြောက်ရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဆိုင်ပဲန်း မီဒီယာ ဂရုပ် က လက်ထောက် အယ်ဒီတာ စိုင်းအောင်သိန်း က ကော့လီ ကို ပြောပြပါတယ်။

ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် (RCSS-SSA) က ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ ခြင်း မရှိပေမယ့် ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မတီမှာ ကိုယ်စားလှယ် သုံးဦး ပါဝင်ဖို့ ကတိပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းညွန့်လွင်၊ စိုင်းလိတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ စိုင်းမောင်တင်၊ စဝ်ဆိုင်မိုင်း၊ စဝ်ယွန်းပိုင်၊ နန်းဝါနု၊ ရှမ်းပြည်တိုးတက်ရေးပါတီမှ ဗိုလ်မှူးကြီး စိုင်းထူး၊ စိုင်းနော်လိတ်၊ ဆင်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့က စိုင်းခမ်းမောဝ် တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုကျင်းပဖို့ ရည်ရွယ်ထားတဲ့ ကွန်ဖရင့်ဟာ ရှမ်းတိုင်းရင်းသား ပညာရှင်များ၊ အဖွဲ့အစည်းများကိုသာ ဖိတ်ကြားဦးမှာ ဖြစ်ပြီးတော့ နောက် ပိုင်းမှာ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ

No comments: