အာရ်ကန်တိုင်းမ်စ်
စစ်တွေမြို့ပေါ်ရှိ အဝေးသင်တက္ကသိုလ်(စစ်တွေ)၊ နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ စုပေါင်း၍ ဆန္ဒထုတ်ဖော်တောင်း ဆိုမှုနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဝေးသင်ကျောင်းသားတက်ကြွလှုပ်ရှားသူ တစ်ဦးက "အခုပြောနိုင်တာ ကတော့ ကျွန်တော်တို့စစ် တွေက တက္ကသိုလ်ကျောင်းကိုသွားတဲ့ လမ်း ပေါ်၊ လမ်းဘေးက ဘင်္ဂလီရွာတွေကို အမြန်ဆုံးနောက်ဆုတ်ပေးဖို့ရယ်၊ အဲဒီတက္ကသိုလ် ကျောင်းလမ်းတွေကို ချောမွေ့ကောင်းမွန် အောင်ပြုပြင် ပေးဖို့ရယ်၊ တက္ကသိုလ်ကျောင်းတွေ ပတ်ဝန်းကျင်က ဘင်္ဂလီရွာတွေနေ ရာမှာ ကျောင်းသူကျောင်းသားတွေအတွက် အစိုးရ အဆောင်တွေ အစား ထိုးဆောက်လုပ်ပေးဖို့ရယ် စတာတွေပါဝင်တဲ့ အချက်ငါးချက်ကို နိုင်ငံ တော်သမ္မတကြီးဆီ ကျောင်းသားတွေ လက်မှတ်ရေးထိုးပြီးတော့(၁၄)ရက်နေ့မှာ တင်ပါမယ်၊ အဲဒီနေ့မှာပဲ မီဒီယာတွေ၊ ပါတီတွေ၊ လူမှုရေးအ သင်းအဖွဲ့တွေကိုဖိတ်ပြီး တောင်းဆိုချက် တွေကို သတင်းစာရှင်းလင်းပွဲ လုပ်မှာပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အကြောင်းကြားတာ၊ အ ရေးယူဆောင်ရွက်ပေးတာ တစ်စုံ တစ်ရာမရှိဘူးဆိုရင် ရခိုင်ကျောင်းသားထုတစ်ခုလုံး အနေနဲ့ ကြီးမားတဲ့ တောင်း ဆိုဆန္ဒဖော်ထုတ် ပွဲတစ် ခု ကိုပြုလုပ်သွားပါမယ်"ဟု ပြော သည်။
စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းများသည် ဘင်္ဂလီရွာတွေအနီး မြို့အပြင်မှာ တည်ရှိပြီး ပညာသင်ကြား ဆည်းပူး နေသော ကျောင်းသူ ကျောင်း သားများ၊ ဆရာဆရာမများအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်းသိရသည်။

No comments:
Post a Comment