မင်းသွီး
ယနေ့အောက်တိုဘာလ (၁၂)ရက်နေ့တွင် သင်္ဃာနှင့် လူထုပူးပေါင်းကာ ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုနှင့် ပက် သက်၍ အ လွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်ပွဲကို မွန်းလွှဲချိန် (၁)နာရီခန့်မှ စံပြကျေးရွာ ရပ်ကွက်ရှိ သုံး ခွလမ်းဆုံတွင်စတင် လူစုကာ မွန်းလွဲ(၂)နာရီခန့်တွင် ဘင်္ဂလာ ကောင်စစ်ဝန်ရုံးသို့ အိတ်ဖွင့်ပေးစာပေးခဲ့ပြီးတောင်းဆိုချက်များပါဝင်သော ဆိုင်းဘုတ် များကိုကိုင်ဆောင်လျှက် စစ်တွေမြို့ထဲဘက်သို့ ချီတက်လာ ခဲ့ကြကြောင်း သိရှိရသည်။
"ဘင်္ဂလာမှာ ဗုဒ္ဓဘာသာဝင်နေအိမ်များနဲ့ ဘုန်းကြီးကျောင်းတွေ အကြမ်း ဖက်ခံရမှုကို ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလွန်တစ်ရာမှဝမ်း နည်းမိပါတယ်။ နောက်ပြီးတော့ ယင်းအကြမ်းဖက်သမား မူဆလင်အစွမ်းရောက်တွေကို ထိရောက်စွာ အရေးယူပေးဖို့ တောင်း ဆိုဆန္ဒပြရတာဖြစ်ပါတယ်"ဟု မရမာကြီးလူငယ်တစ်ဦးက ပြောသည်။
ဆန္ဒထုတ်ဖော်မှုတွင် အဓိကတောင်းဆိုသော အချက်များမှာ
၁။ အစွန်းရောက်သမားများကြောင့် ဘင်္ဂလားဒေ့ရှ် နာမည်ပျက်ရပါသည်။
၂။ ဗုဒ္ဓဘာသာ လူနည်းစုအခွင့်အရေးကို လေးစားပါ။
၃။ လူနည်းစုများအား တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ပေးပါ။
၎။ စစ်တကောင်းနှင့် ကော့ဘဇားတွင် တိုက်ခိုက်သူများကို အရေးယူပေးပါ။
၅။ ဂျူးမား မရမာကြီးများ သင်တို့နှင့်အတူ ကျွန်ုပ်တို့ရှိပါသည်။
ဆန္ဒထုတ်ဖော်ခြင်းကို ညနေ(၃)နာရီအချိန် မိဇံရပ်ကွက်ရှိ မိဇံပန်းခြံတွင် လူစုခွဲလျက် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
စစ်တွေတွင် မနေ့ကလည်း အမျိုးသမီး တစ်ထောင်ကျော် OIC မြန်မာနိုင်ငံတွင် ရုံးစိုက်ရန်ကို လက် မခံနိုင်သည့်အတွက် ဆန္ဒဖော်ထုတ်ပွဲ တစ် ရပ်ကို ပြုလုပ်ခဲ့ပြီး၊ ယနေ့တွင်ကား ဘင်္ဂလာတွင် စက်တင်ဘာလ (၃၀)ရက်နေ့က စတင်အ ကြမ်းဖက်မှုခံခဲ့ရသော ဗုဒ္ဓဘာသာဝင် များအတွက် ရခိုင်တိုင်းရင်းသားများဖြစ်ကြသော ဗုဒ္ဓဘာသာ မရာမကြီးများနှင့် ဟိန္ဒူများလည်း ပူးပေါင်းပါဝင်ကာ အလွှာပေါင်းစုံ ငြိမ်း ချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment