Friday, October 5, 2012

ဘန်ကောက် ရဟန်းတော်များ ဆန္ဒပြသတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

နိရဉ္စရာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော် ၃၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် ဗုဒ္ဓဘာသာဝင်များ နေ အိမ်များကို မီးရှို့ တိုက်ခိုက် ခံရမူ အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော သတင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ယနေ့တွင် ဖေါ်ပြ ကြ သည်။

အင်္ဂလိပ်လို ထုတ်ဝေသည့် New Age သတင်းစာတွင် အဆိုပါ သတင်းကို မျက်နာဖုံးတွင် ဓါတ်ပုံများနှင့် တကွ ဖေါ်ပြပြီး နိုင်ငံ အကြီးဆုံး သ တင်းစာ တစ်စောင်ဖြစ်သည့် The Daily Star သတင်းစာတွင်လည်း ထည့်သွင်း ဖေါ်ပြထားသည်။

New Age က ဖေါ်ပြရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော် ၃၀၀ ခန့်သည် ဗုဒ္ဓဟူးနေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မူဆ လင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များနှင့် လူနေအိမ်များကို တိုက်ခိုက်ခဲ့မူ အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း၊ ရ ဟန်း တော်များ အနေဖြင့် ပိုစတာများကို ကိုယ်စီ ကိုင်ထားခဲ့ကြပြီး ပိုစတာများတွင် “ တိုက်ခိုက် မူကို အလိုမရှိ၊ငြိမ်း ချမ်းရေးကို လိုလားသည်၊ ဗုဒ္ဓ ဘာသာဝင်များ အပေါ် မွတ်ဆလင်တို့၏ အကြမ်းဖက်မူကို ရပ်တန့်ပါ” စသည့် စာတန်းများ ရေးသားထားသည်ဟု ဆို သည်။

ကန့်ကွက် ဆန္ဒပြကြသော ရဟန်းတော်များမှာ ဘင်္ဂလာဒေခ်ျ့၊ မြန်မာ၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံမှ ရဟန်းတော်များ ဖြစ်ကြ သည်ဟု ပြောသည်။

ရဟန်းတော်များသည် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့သို့ ချီတက်ပြီး အဆိုပါ တိုက်ခိုက်မူကို အမြန်စုံစမ်း ဖေါ်ထုတ်ရန် တောင်းဆို ခဲ့ ကြသည်။

“ ဦးဇင်းတို့ အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မပြောလိုတော့ပါဘူး။ ဦးဇင်းတို့က ဒီလို ရက်စက်ကြမ်း တမ်းစွာ တိုက်ခိုက်နေမူတွေကို ရပ်တန့်ဖို့ဘဲ လိုလားတယ်။ အခု ဗုဒ္ဓဘာသာဝင် မိသားစုတွေက ရဲတပ်ဖွဲ့က ပေးမယ့် လုံခြုံရေးကိုဘဲ အချိန်တိုင်း လိုလားနေကြပါတယ်” ဟု ကန်ရာယ တေဇနာဆာရိဒ်က ပြောသည်ဟု သတင်းစာက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးရာတွင် ပါဝင်သည်ဟု သံသယ မကင်းသူ လူ ပေါင်း ၃၀၀ ကျော်အား ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူဦးရေ ၁၅၃ သန်းရှိရာ အများစုမှာ မွတ်ဆလင်များ ဖြစ်ကြသည်။ ဗုဒ္ဓ ဘာသာဝင် လူဦးရေမှာ (၁) ရာခိုင်နုန်းသာ ရှိပြီး အများစုမှာ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တလျှောက်ရှိ ခရိုင်များတွင် နေထိုင်ကြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာဝင်များ အကြား ဇွန်လ အတွင်းက အကြီးအကျယ် တိုက်ခိုက်မူများ ပေါ် ပေါက်ခဲ့သည်ဟု သတင်းစာက ဖေါ်ပြသည်။

No comments: