အာရ်ကန်တိုင်းမ်စ်
ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်မှ ကြီးမှူးဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်၊ ကြာသပတေးနေ့နံနက်ပိုင်းတွင် လှိုင်းစရာ စစ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ၊ ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိများ၊ တပ် မှူး များ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ စစ်ဖက်နယ်ဖက်ဆိုင်ရာ တာဝန်ရှိလူကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရ က္ခိုင် ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပရက္ခိုင်အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ၊ သတင်းဌာနများနှင့် သင်တန်းဆင်းကျောင်းသား များ အပါအဝင် စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က"မျိုးချစ်စိတ်ပြည့်ဝစွာဖြင့် အမျိုး သား ရေးတာဝန်ကျေပွန်တဲ့ ရက္ခိုင်စစ် သည်တော်များအဖြစ် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်ပြီးတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အောင် ပန်းကိုမရမကဆွတ်ခူးကြရန်၊ အမျိုးသားရေး ရည်မှန်းချက်အတွက် သန္နိဋ္ဌာန်ခိုင်မာသည့် ရက္ခိုင်စစ်သည်တော်များပီပီ သမိုင်းပေးတာဝန် ကျေပွန်အောင် ကြိုးစားအားထုတ်ကြရန်"ဟု သင် တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
ယင်းနောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်းများကိုယ်စား ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဂုဏ်ပြုဝမ်းမြောက် အားပေးစကားများ ပြော ကြားပြီး အောင်စစ်သည်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ စာပေထူးချွန်ဆု အပါအဝင် စုစုပေါင်း(၁၁)ဆုကိုလည်း ချီးမြှင့် ခဲ့ ကြောင်း သိရှိရသည်။
နံနက်(၉)နာရီခွဲတွင် အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်ရောက်လာကြသော ပရိသတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့် ခံပြီး ညနေဖက်တွင် သင်တန်းဆင်းကျောင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၈)ကို (၃၀-၈-၂၀၁၂ မှ ၃-၁၀-၂၀၁၂)အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်းသားစုစုပေါင်း (၇၉)ယောက် တက် ရောက်ခဲ့ပြီး ရက္ခိုင့်တပ်မတော်သည် မျက်မှောက်ကာလတွင် ရက္ခိုင် ပြည်သူလူထု ပိုင်ဆိုင် ထား သည့် စည်းလုံးညီညွတ်မှု၊ အင်အား အခိုင်ခံ့ ဆုံး အကျစ်လျစ်ဆုံးသော တပ်မတော်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

No comments:
Post a Comment