အာရ်ကန်တိုင်းမ်စ်
ရခိုင်ပြည်နယ်စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော် ငါးရာ အောက်တိုဘာလ ၃ရက်နေ့ နေ့လည် ၁နာရီခန့်တွင် မော်တော် ဘုတ်ဖြင့် ပင့်ဆောင်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဗုဒ္ဓရုပ်ပွားတော်များကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက သူဌေးတစ်ဦးမှ ဇွန်လအတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂ လီ-ရခိုင် အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ ရခိုင်ပြည်သူများ ဘုရားရုပ်ထုတော်များ ကို ထမ်းရွက်လျက် ပြေးလွှားနေကြပုံများကို မြင်တွေ့ရ၊ ဘုန်းတော်ကြီး ကျောင်းများကိုမီးရှို့ခံရခြင်းများကိုမြင်တွေ့ရ၍ရင်ထုမနာခံစားရ ပြီး 'ငါ သည် ဗုဒ္ဓရုပ်ပွားတော်များကို လှူမည်'ဟု စေတ နာ သဒ္ဓါတရားစိတ်အား ထက်သန်လာပြီး ရခိုင်ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)သို့ ဗုဒ္ဓရုပ် ပွားတော် (၂၀၀၀)ကျော်လှူဒါန်း ခဲ့ရာမှ ရ သေ့တော်မြို့နယ်သို့ ရုပ်ပွား တော် ၅၀၀ လှူဒါန်း ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းရုပ်ပွားတော်များကို အောက်တိုဘာလ ၂ရက်နေ့က စစ်တွေမြို့ ပညာ လင်္ကာရကျောင်းတိုက်တွင် ဘုရားအနေကဇာတင်ပြီး ဖြစ် ကြောင်း သိရှိရသည်။
ရသေ့တောင်မြို့သို့ ရောက်ရှိလာသော ဗုဒ္ဓရုပ်ပွားတော်များသည် ရသေ့တောင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်အတွင်းရှိ ဗောဓိသုခဓ မ္မာရုံတွင် ယာယီကိန်းဝပ်လျက်ရှိပြီး၊ ယခုလာမည့်သတင်းပတ်အတွင်း ဗုဒ္ဓဘာသာ ရခိုင်ကျေးရွာများသို့ ပေးဝေလှူဒါန်းသွားမည်ဖြစ် ကြောင်း ဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်လာသော ရသေ့တောင်မြို့မိ၊ မြို့ဘများက ဆိုသည်။

No comments:
Post a Comment