Wednesday, October 17, 2012

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေပေးမှု လယ်သမားအားလုံး မရ

မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လယ်သမားများအတွက် ချပေးသော ချေးငွေများကို လိုအပ်နေသော လယ် သ မားများထံ ချမပေးဘဲ လယ်သမားအချို့သာ ချေးပေးကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

“တကယ့် စေတနာ အရင်းခံရှိရင် တကယ်လိုအပ်တဲ့ ရွာတွေကို ချေးပေးရမှာပေါ့။ အခုသူတို့ ချေးပေး တဲ့ ရွာတွေက နဲနဲချောင်လည် တဲ့ရွာ တွေ ဖြစ်နေတယ်။ နောက် ပြန်ဆပ်ရမဲ့ချိန်က နွေစပါး စိုက်ချိန်ဖြစ်နေတော့ တကယ်လို့ ပြန်မဆပ် နိုင်ရင် ပေါင်နှံထားတဲ့လယ်တွေ လည်း ရှုံးမှာဘဲ” ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောပါသည်။

စက်တင်ဘာ ၁၁ ရက် နှင့် ၁၂ ရက် နံနက် ၉ နာရီမှ ညနေပိုင်းအထိ နမ့်ခမ်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က လယ်သမားများအား ၁ ဧက ကျပ် ၁ သိန်း ငွေများချေးပေးရာ တစ်ရာလျှင် အတိုး ၀.၆ ရာခိုင်နှုန်း ယူမည်ဟုပြောကြောင်း၊ အစိုးရက နမ့်ခမ်းမြို့နယ်အတွက် ကျပ် သိန်း ပေါင်း ၁၀၀၀ ချပေးရာ လက်ဖက် စိုက်တောင်သူများအတွက် သိန်း ၅၀၀၊ လယ်သမားများအတွက် သိန်း ၅၀၀ ချေးပေးရန် ပြောဆို လာ ကြောင်း မြို့နယ်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ဆို၏။

“လက်ဖက်စိုက်တောင်သူတွေ မရဘူး။ အစည်းအဝေးလုပ်တုန်းကတော့ ရွာပေါင်း ၄၈ ရွာကို ငွေချေး ပေးမယ်လို့ သတ်မှတ်ထားပေမဲ့ ၇ ရွာ လောက်ဘဲ ရတယ်။ တစ်ရွာတည်းတောင် အိမ်တိုင်းမရဘူး။ အပေါ်အိမ်က ရပြီး အောက်အိမ်က မရတော့ တယောက်နဲ့တယောက် မကျေ နပ်ကြဘူးပေါ့။ တစ်ရွာ တည်းသားတွေ အချင်းချင်း အထင်လွဲအောင် လုပ်နေသလိုဘဲ” ဟု နမ့်ခမ်းဒေသခံ လူငယ်တစ်ဦးက ပြောပါ သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လိုက်လံငွေချေးပေးသော ရွာများမှာ နမ့်မရွာ၊ နမ့်တီးရွာ၊ ကွန်လုံရွာ၊ နောင်ကောင်ရွာ၊ ဟောင်လုံရွာ၊ ကျယ် ဟိုင်း ရွာ၊ ကောင်းဆာရွာနှင့် နမ့်ခမ်းမြို့ပေါ်မှ တန်မရပ်ကွက်၊ အောက်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်တို့ ဖြစ်ကြောင်း၊ အဆိုပါရွာများမှ ရပ်ရွာ သူကြီးတချို့မှာ လယ်သမားများထံမှ ပိုက်လိုင်းလျော်ကြေး ဖြတ်စားသည့် စာရင်း၌ ပါရှိကြောင်း ဒေသခံများမှ သိရှိရ ပါသည်။

No comments: