မွေခေါဝ်
ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် ထိုင်းတရားရုံး၌ အမှုရင်ဆိုင်ရပါက လွတ် မြောက်နိုင်ကြောင်း ထိုင်းရှေ့နေတစ် ဦး ၏ ပြောကြားချက်အရ သိရပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း(ခွန်းမင်)တရားရုံးမှ ပြစ်ဒဏ်စီရင်ချက်ချမှတ်ရန် စောင့်ဆိုင်းနေသူ စိုင်းနော်ခမ်း ၏ အမှုကို ထိုင်းနိုင်ငံက ယခုတလော နာမည်ကြီးနေသည့် လူသတ်မှုတစ်ခု၏ သက်သေ များနှင့် နှိုင်းယှဉ်ပြရာ-
၁) တရားခံဟု စွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း၌ သတ်ဖြတ်မှုခံရသူတို့၏ အလောင်းကို တွေ့ရခြင်း။
၂) ရုပ်အလောင်းများ၌ သေနတ်ဒဏ်ရာများ တွေ့ရခြင်း။
၃) တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ တရားမဝင် သေနတ်အမြောက်အမြား ရှိခြင်း။
၎) အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေအတွင်း၌ တွေ့ရခြင်း။
၅) သတ်ဖြတ်မှုအတွက် သက်သေခံသူ ရှိခြင်း- စသည်တို့ကို တွေ့ရသည်။
“စိုင်းနော်ခမ်းနဲ့အတူ အဖမ်းခံရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သက်သေထွက်ဆိုမှုဟာ လေး နက်မှုမရှိဘူး။ သူတို့ရဲ့လွတ်မြောက်ရေး သက်သာရာရရေးအတွက် ပြောတယ်လို့ ယူဆကြမှာပါ။ အခုလို တရုတ် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာဟာ စိုင်းနော်ခမ်းပိုင် ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ ထိုင်း၊ လော၊ မြန်မာ စတဲ့ နိုင်ငံအားလုံးက ပိုင်တယ်။ အခုထက်ထိ တရုတ် ၁၃ ယောက်ကို ဒီသေနတ်နဲ့ သတ်ခဲ့တယ်လို့ ပြနိုင်တာလည်း မတွေ့ရသေးဘူး။ သက်သေအထောက် အထား အရမ်းနည်းတယ်။ ဒါကြောင့် ထိုင်းတရားရုံးမှာ အမှုရင် ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်” ဟု အဆိုပါ ရှေ့နေက သျှမ်းသံတော် ဆင့်အား ပြောပြသည်။
စိုင်းနော်ခမ်း အား ကူမင်းတရားရုံး၌ စက်တင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ စစ်ဆေးမေးမြန်းပြီးနောက် ပြစ်ဒဏ်စီရင်ချမှတ်ရန် အထူးခုံရုံး ဖွဲ့ထားကြောင်း သိရှိရပါသည်။
“တရုတ်မှာ ဥပဒေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ် သွားအောင် သူ့ရဲ့မိသားစုလည်း တရုတ်ရှေ့နေရှာပြီး တတ်နိုင်သလောက် ကူညီသင့်တယ်” ဟု ၎င်းက ဆက်ပြောပါသည်။
သို့သော် စိုင်းနော်ခမ်း၏ ညီဖြစ်သူ စိုင်းလောဝ်ဖှ မှာမူ စိုင်းနော်ခမ်း အား ဖမ်းဆီးသွားပြီးနောက် တကြိမ်တ ခါမျှ အဆက်အသွယ် မရရှိခဲ့ ကြောင်း ပြောပါသည်။

No comments:
Post a Comment