မင်းသွီး
မနေ့ အောက်တိုဘာလာ(၂၀)ရက်နေ့တွင် မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် OIC အား ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲနှင့် သမ္မတဦး သိန်း စိန်အား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြေပုံမြို့တွင် ယနေ့နံနက် (၇)နာရီခွဲခန့်တွင် လူအင်အား (၂၀၀၀)ကျော်ခန့် စီတန်းလမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"၁၉၈၂ ခုနှစ်က နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ပေးရန်နှင့် နိုင်ငံတော် သမ္မတကြီးရဲ့ တ ရားမဝင် ဝင်ရောက်နေထိုင်နေကြ သော ဘင်္ဂလီများအကြောင်း ဆွေးနွေးချက်ကို ထောက်ခံကြောင်း ကျနော်တို့ ဆန္ဒထုတ်ဖော်ကြတာ ပါ။"ဟု မြေ ပုံမြို့ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ(RNDP)မှ ဦးအောင်သာဇံက ပြောသည်။
မြေပုံမြို့ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသမီးအများစုပါဝင်ပြီး ဆန္ဒထုတ်ဖော်ပွဲကို နံနက် (၈)နာရီခွဲတွင် အဆုံးသတ်လိုက်ကြောင်း၊ အစိုးရ ထံတွင် တရားဝင်လျှောက်ထားပြီး ဆန္ဒပြခြင်းဖြစ်၍ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။
မင်းပြားမြို့နယ်တွင် နေ့လည် (၁)နာရီခန့်က စတင်လူစုကာ လူအင်အား သင်္ဃာအပါး(၂၀၀)ကျော်နှင့် လူထု(၃၀၀၀၀)ခန့် မြို့အနှံ့စီ တန်း လှည့် လည် လမ်းလျှောက်ပြီး ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိ ဘင်္ဂလီကျေးရွာများအား လေးမြို့မြစ်တစ်ဘက်ကမ်းသို့ပြောင်းရွှေ့ပေးရန်၊ သမ္မတပြောကြားသည့် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ပေးရန်၊ OICကို မည်သည့်အကြောင်းနှင့်မှလက် ခံ ခွင့်မပြုရန် စသည့်အချက်များအား ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
"စစ်တွေ-ရန်ကုန်ကားလမ်းက ဘယ်လိုမှ လုံခြုံမှုမရှိဘူး၊ ကားနဲ့သွားရင် ခဲနဲ့ပေါက်တယ်၊ ဆိုင်ကယ်နဲ့သွားရင် ဆိုင်ကယ်ကိုခဲနဲ့ပေါက် တယ်၊ ဘာလို့ပေါက်လည်းလို့သွားမေးရင် ဆိတ်တွေ၊ နွားတွေကိုပစ်တယ်လို့ ပြောတယ်။ အဲဒီလိုအကြိမ် ပေါင်းမနည်းတော့ဘူး။ ပြီးတော့ ညဘက် ဆိုရင် တစ်ယောက်တည်းဖြစ်ဖြစ်၊ လူအနည်းနဲ့ဖြစ်ဖြစ် သွားလာလို့မရတော့ဘူး၊ ဒေသခံပြည် သူ လူထုတွေအတွက် လုံးဝကို လုံခြုံမှုမရှိ တော့ဘူး။ ဒါကြောင့်မို့လို့ အဲဒီဘင်္ဂလီကျေးရွာတွေကို ပြောင်းရွှေ့ဖို့တောင်းဆိုရတာပါ။ သူတို့ကို လေးမြို့မြစ်တစ်ဘက်ကမ်းမှာ လုပ်ကိုင် စားသောက်လို့ရသလို ဒီရန်ကုန်-စစ်တွေကားလမ်းမှာလည်း ပြည်သူတွေ သွားလာရေး လုံခြုံမှုရှိ သွားမှာ ဖြစ်ပါတယ်"ဟု မင်းပြား လူမှု ကယ် ဆယ်ရေးဥက္ကဌ ဦးဒိုးအောင်ကျော်က ပြောသည်။
ဘင်္ဂလာတွင် ရခိုင်မျိုးနွယ်စုများအား အကြမ်းဖက်မှုအပေါ်တွင် သက်ဆိုင်ရာတိုင်းပြည်များမှ အရေးယူပေးရန်နှင့် ရခိုင်လူမျိုးများအား ကာ ကွယ်ပေးရန်တို့ကိုပါ တောင်းဆိုခဲ့ကြပြီး နေ့လည် (၂)နာရီခွဲအချိန်တွင် ဆန္ဒပြပွဲပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့တွင် ယနေ့နေ့လည် (၂)နာရီတွင် စတင်လူစုကာ လူအင်အား (၁၀၀၀)ကျော်ခန့် မြို့တစ်ပတ်လှည့်လည် လမ်းလျှောက် ကာ OIC ကို ကန့်ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင်ပိုစတာများကို၍ ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော် ထုတ် ခဲ့ကြသည်။
" ကျွန်တော်တို့က ဘာကြောင့် ထုတ်ဖော်ရလဲဆိုတော့ အိုအိုင်စီရုံးကို မြန်မာနိုင်ငံမှာ မဖွင့်တော့ဘူး လို့ ကြေညာအသိပေးပြောလိုက်ပေမယ့် လည်း အိုအိုင်စီနဲ့ လက်မှတ်ထိုးထားတဲ့ MOU ကို ပြည်သူလူထုရှေ့ကို မချပြသေးသရွေ့ ကျွန် တော်တို့မှာအိုအိုင်စီနဲ့ပတ်သက်လို့အန္တရာယ် ရှိတယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ OIC ဆိုတာက အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Organistaion of Islamic Cooportaion ) ဆိုတော့ အစ္စလာမ်နိုင်ငံတွေနဲ့ သက်ဆိုင်တာဆိုတော့ ကျွန် တော်တို့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံနဲ့ ဘာတစ်ခုမှမ သက်ဆိုင်ဘူးလို့ ကျွန်တော်တို့က ယူဆထားပါတယ်။ အိုအိုင်စီကို တိုက်ရိုက် ရုံးမစိုက်ပေမယ့်လည်း သူတို့က MOU ကို လက်မှတ်ထိုးထား တဲ့နောက်မှ ဝင်ချင်တဲ့ ပုံစံမျိုးနဲ့ ဝင်လာကြပါတယ်။ အဲဒါကြောင့် ဒါတွေက ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ လူ မျိုးအတွက် အပေါင်းလ က္ခဏာ မဟုတ်ဘဲနဲ့ အနှုတ်လက္ခဏာဘဲ ဖြစ်လာမယ်လို့ ကျွန်တော်တို့တစ်မျိုးသားလုံးက ခံယူထားပါတယ်။ အဲဒါကြောင့်မို့လည်း ဒီပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်။ " ဟု Kyauk Phyu Social Networkမှ ဒါရိုက်တာ ကိုလှမျိုးကျော်က ပြောသည်။
ကျောက်ဖြူဆန္ဒဖော်ထုတ်ပွဲကို ကျောက်ဖြူမြို့နယ်ကျေးရွာများမှလည်း လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကျောက်ဖြူမြို့ နာရီစင်ကွင်း၌ ည နေ (၄)နာရီတွင် ပြီးဆုံးသွားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း OIC ရုံးဖွင့်မည်ကို မြန်မာနိုင်ငံအစိုးရမှ ပိတ်ပင်လိုက်ပြီဖြစ်သော်လည်း တခြားသောနည်းလမ်းများဖြင့် OIC ၀င် ရောက် လာ မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး OIC အား ရုံးဖွင့်ခွင့်မပြုလိုက်သည့်အပေါ်တွင် သမ္မတ ဦးစိန်အား ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

No comments:
Post a Comment