Monday, October 22, 2012

၁၉၈၂ ခု နိုင်ငံသားဥပဒေကို ထိရောက်စွာပြဌာန်ပေးရန်လိုအပ်ကြောင်း သံတွဲလူ ထုဆန္ဒထုတ်ဖော်

သဇင်ဥ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရဟန်းရှင် လူ ထုများက မြန်မာနိုင်ငံအတွင်း OIC ရုံးစိုက်မည်ကို ကန့်ကွက် ကြောင်း နှင့် အာဏာပိုင်များက ရုံးစိုက်ခွင့် ရုတ်သိမ်းလိုက်သော ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယနေ့ နေ့လည်(၁)နာရီကစတင် ကာငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖေါ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းရခိုင်ပြည်သူလူထု ဆန္ဒထုတ်ဖေါ်သော စီတန်းလမ်းလျှောက်ခြင်းကို ဒွါရာဝတီမြို့သစ် အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်မှ စတင်၍ ဦး ဥတ္တမလမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်းတစ်လျှောက်သို့ချီတက်ခဲ့ကြ ပြီး မြန်မာစံတော်ချိန် နေ့လည် (၂)နာရီခွဲတွင် ရုတ် သိမ်းခဲ့ကြောင်း သိရှိရ သည်။

လူထု၏ဆန္ဒသည် လွှတ်တော်၏ဆန္ဒဖြစ်ရမည်ဟူသော ဆောင်ပုဒ်နဲ့အညီ ရခိုင်ပြည်တွင်းနေထိုင်ကြသော ရခိုင်တိုင်းရင်းသားများ အ တည်တ ကျ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင်၊ စားသောက်နိုင်ရန်အတွက် ၁၉၈၂ ခု နိုင်ငံသားဥပဒေကိုထိရောက်စွာပြဌာန်ပေးရန်နိုင်ငံ တော်သမ္မတကြီး အား အားကိုးစွာဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုကြခြင်းဖြစ်ကြောင်း ဦးအိဣန္ဒာစာရကဆိုသည်။ သံတွဲဒေသ ထူထုဆန္ဒ ထုတ်ဖော်ပွဲတွင် ၁၉၈ ၂ ခုနှစ် နိုင်ငံသားဥပဒေကို ထိရောက်စွာ ဆောင်ရွက်မည့် သမ္မတကြီးအား လုံးဝထောက်ခံကြောင်း၊ အိုအိုင်စီကို မြန်မာပြည်တွင်ရုံးစိုက်ခွင့် ရုတ် သိမ်းလိုက်လိုက်ခြင်းကို ကြိုဆိုထောက်ခံကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓသာသနိက အဆောက်အအုံ များကို မီးရှို့ဖျက်ဆီးကာ၊ ဗုဒ္ဓဘာ သာဝင်များအား အကြမ်းဖက်သတ်ဖြတ်သော ဘင်္ဂလီများအား ရှုတ်ချကြောင်း ထုတ်ဖော်ပြသခဲ့သည်။ မြန်မာအစိုးရက အိုအိုင်စီရုံးစိုက် ခြင်း ရုတ်သိမ်းကြောင်းကို မြန်မာ့ရေဒီယို၊ တီဗွီ၊ ရုပ်သံလိုင်းတွင် နိုင်ငံတော် သမ္မကိုယ်တိုင် ပြောကြား ခြင်း မရှိသေးသဖြင့် ယုံကြည်မှုမရှိသေး ကြောင်း ဦးစန္ဒိမာက ပြောသည်။

ဦးစန္ဒိမာက "အိုအိုင်စီရုံးမဖွင့်တော့ဘူးဆိုတာ သမ္မတကြီးကိုယ်တိုင်လည်း ရုပ်မြင်သံကြားကတ ဆင့် လူထုကိုမေးခွန်းပြောတာကိုလည်းဘုန်း ဘုန်းတို့ မသိလိုက်ရသေးပါ။ အိုအိုင်စီကလည်း သူတို့ဆီကို စာမရောက်သေးဆိုပြီးသတင်း တွေကြားနေရတယ်၊ သမ္မတကိုယ်တိုင်လည်း အို အိုင်စီရုံး လုံးဝမဖွင့်တော့ဘူးလို့ မိန်းခွန်းပြောတာမျိုး မဟုတ်ဘဲ၊ ရုပ်မြင်သံကြားမှာ သာ မန်စာတမ်းလေး တစ်တန်းသာပါတဲ့အ တွက် မယုံ ကြည်သေးဘူး"ဟု ပြောသည်။

(၂၁)ရက်နေ့ သံတွဲဒေသ လူထုဆန္ဒထုတ်ဖော်ပွဲတွင် ကျေးရွာပေါင်း(၁၀၀)ကျော်ခန့်မှ လူဦးရေ ၅၀၀၀၀(ငါးသောင်းခန့်) ပူပေါင်းပါဝင်ခဲ့ ကြ ကာလမ်းဘေးမှတစ်သောင်းကျော်ခန့် အားပေးကြိုဆိုကြောင်းသိရသည်။ တစ်ချိန်တည်းမှာပင် တောင်ကုတ်မြို့၊ ကျိန္တလီမြို့နယ်ခွဲ တွင်လည်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ကာ တူညီသော တောင်ဆိုချက်များကို မြို့နယ်တိုင်းတွင် တောင်းဆိုခဲ့ကြပြီး တောင်ကုတ်တွင် လူဦး ရေ (၂၀၀၀)ကျော်ခန့်နှင့် ဂျိန္တလီတွင် ၄၀၀(ခန့်) ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ ဂျိန္တလီဆန္ဒထုတ်ဖော်ပွဲတွင် မြို့နယ်တိုင်း၌ တူညီ သောတောင်းဆို ချက်များအပြင် ဂွမြို့နယ်သည် ဘင်္ဂလီတို့၏ ထွက်ပေါက်မဖြစ်စေရေးနှင့် လက်ရှိရခိုင် ကျူးကျော်သူ ဘင်္ဂလီများနှင့် ဒေ သခံတိုင်းရင်း သား များအကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခကာလတွင် လူ့အခွင့်အရေးဟူသော စကားလုံကို မည့်သို့ အဓိပ္ပါယ်ဖွင့် မည် နည်းဟု မေးခွန်းတစ်ခု ထွက်ပေါ်လာကြောင်း တက္ကသိုလ် မင်းခန့်က ပြောသည်။

ဓါတ်ပုံနှင့် ဗွီဒီယိုသတင်းယူသူ သတင်းထောက်တစ်ဦးက "ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်စေဖို့ ဆန္ဒပြကြတာပါ၊ အဲဒါ အကြမ်းဖက်တာတွေမ လုပ် မိစေဖို့ ဆရာတော်တွေက ဦးဆောင်ခဲ့ကြတာ တွေ့ရပါတယ်၊ သံတွဲမြို့ ရဲတပ်ဖွဲ့များကလည်း လမ်းတစ်လျှောက် လုံခြုံရေးယူပေး ထား တာ တွေ့ရပါတယ်၊ ဘာမှ ဆူဆူပူပူ မဖြစ်ခဲ့ပါဘူး၊ ငြိမ်းချမ်းစွာနဲ့ စနစ်တကျ ရုတ်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။"ဟု ဆိုသည်။

အဆိုပါ ကန့်ကွက်ထောက်ခံ ဆန္ဒထုတ်ဖေါ်မှုများ ဖြစ်ပေါ်ရခြင်းမှာ ဇွန်လ(၈)ရက်နေ့က မောင် တောမြို့မှတစ်ဆင့် ကျူးကျော်သူ ဘင်္ဂလီများ ကကမ္ဘာ့အကြမ်းဖက် သောင်းကျန်းသူများနှင့်ပူးပေါင်းပြီး အကြမ်းဖက်မှုများ နေရာအနှံ့ပြု လုပ်ခဲ့ကြောင်းနှင့် အောက်တိုဘာ(၂၉)ရက်နေ့က လည်း ယင်းအကြမ်းဖက်မှုနှင့်ဆက်စပ်၍ ဘင်္ဂလာရှိ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနှင့် အိန္ဒိယ နှင့် တစ်ခြားနိုင်ငံများအတွင်း ယင်းသောင်းကျန်း သူ အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကန့်ကွက်မှုများကို ကမ္ဘာ့နေရာအနှံ့အပြားသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့လူထု များက ပူးပေါင်း၍ OIC အပါအ၀င် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ဆန္ဒထုတ်ဖေါ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။

No comments: