ထွန်းထွန်း
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား နယ်စပ်မျဉ်း အဖြစ် ခြားထားသည့် နစ် မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀ (တာကာ ၁၀ သိန်းတန်ဖိုး) ရှိ အရက်နှင့် ဘီ ယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီး လိုက်သည်။
ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာလ ၁၁ရက်နေ့ ည ၇နာရီအချိန်တွင် နစ်မြစ်ထဲမှ သစ်ဘုတ်တစီးကို တက် ရောက် ရှာဖွေစဉ် ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ၂၄၆၀လုံး၊ ဒရိုင်းဂျင် ၁၀၇လုံး၊ မြန်မာ့ရမ် ၇၂လုံး တို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြောင်း သ တင်းတွင် ဖေါ်ပြသည်။
မူးယစ်ဖေါက်ကား ရောင်းဝယ် သူများမှာ ထွက်ပြေး လွတ်မြောက်သွား သည် ဟု ဆိုသည်။
အောက်တိုဘာလ ၁၂ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံနယ်စပ်အကြားမှ ဖမ်းဆီးရမိသော တာကာ ၃၅သိန်းတန်ဖိုးရှိ မူး ယစ် ဆေး ၀ါးများကို ဘီဂျီဘီအမှတ် (၄၂)တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ အကြား နယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးပြီး အကြိမ်ကြိမ် သဘော တူညီ မူ ရရှိခဲ့သော်လည်း မူးယစ်ဆေးဝါး လုပ်ငန်းမှာ နယ်စပ်တွင် ပိုပြီး တွင်ကျယ် လာသဖြင့် နှစ်ဘက်နိုင်ငံမှ နယ်စပ် အာဏာပိုင်များ အပေါ်အ များ က သံသယ ဖြစ်နေမူများ ရှိနေကြောင်း သိရှိရသည်။

No comments:
Post a Comment