Tuesday, October 16, 2012

OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ

မင်းသွီး

မနေ့အောက်တိုဘာလ (၁၅)ရက်နေ့တွင် OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံတ၀န်း မြို့နယ် အ သီး သီးတွင် ပြည်သူလူထုများ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့သည်။

စစ်တွေမြို့တွင် သင်္ဃာတော်များဦးဆောင်၍ မြို့လုံးကျွတ်နီးပါးပါဝင်သော လူထုမှ OIC ကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ နေ့လည် (၁)နာရီအချိန်မှ (၂)နာရီ (၃၀)မိနစ် အချိန်ထိ ပြုလုပ်ခဲ့ကြသည်။ ဘင်္ဂလီများနှင့် အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝအလိုမရှိ၊ OIC ကို အ လိုမရှိ စသည့်ဆိုင်းဘုတ်များ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း စစ်တွေဒေသခံ မစောမြသန္တာက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

စစ်တွေဆန္ဒဖော်ထုတ်ပွဲကို အတုလမာရိန်ဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှစတင်၍ ဦးဥတ္တမလမ်း၊ မင်းဘာကြီးလမ်း၊ ရွာကြီးလမ်း၊ လမ်း မ ကြီး ထိုမှတစ်ဆင့် ဘုရားကြီးတွင် ပြန်လည်ရောက်ရှိပြီး လူစုခွဲသွားခဲ့ကြသည်။ စစ်တွေဆန္ဒပြပွဲနှင့်ပက်သက်၍ လုံခြုံရေးကောင်းမွန် ကြောင်း အာ ဏာပိုင်များ နှောင့်ယှက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

မြောက်ဦးမြို့တွင်လည်း လူပေါင်း (၁)သောင်းကျော်ခန့် OIC အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ရာတွင် OIC ကို အလိုမရှိ၊ OIC ရခိုင်ပြည် သို့ ပြ ဿနာများ ယူဆောင်မလာပါနှင့်၊ လူနည်းစု ဗုဒ္ဓဘာသာများကို ဘင်္ဂလားဒေ့ခ်ျအစိုးရအနေဖြင့် အပြည့်အဝတာဝန်ယူပေးပါ၊ တရား မဝင် ဘင်္ဂ လီကိစ္စနှင့်ပတ်သတ်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး၏ စကားကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ စ သည့်အချက်များကို ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။

"ကျနော်အနေနဲ့ ခုလိုဆန္ဒထုတ်ဖော်ပွဲတွေကို တွေ့မြင်ရတဲ့အတွက် တော်တော်လေးကို ၀မ်းသာပီ တိဖြစ်မိပါတယ်။ အယင်တုန်းက ဒီမိုကရေ စီဆိတ်သုန်းနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖော်ထုတ်ခွင့်မရရှိခဲ့ဘူး။ ဒါ ပေမယ့် ဒီနေ့အချိန်အခါမှာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒတွေကို အတိုင်းအတာတစ်ခုထိ ထုတ်ဖော်ပြခွင့် ရရှိလာခဲ့တဲ့အတွက် အလွန်ပင်ဝမ်း သာ မိပါတယ်။"ဟု မြောက်ဦးမြို့သို့ ရောက်ရှိနေ သော ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုခိုင်ကောင်းစံက ပြောသည်။

ဘူးသီးတောင်မြို့ နယ်၌ အိမ်တိုင်း၊ ဆိုင်တိုင်းတွင် OIC ကိုဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ချိတ်ဆွဲထားသည့်လှုပ်ရှားမှုကို ယနေ့ပြု လုပ်ခဲ့ ကြသည်။ ဘူးသီးတောင်မြို့ နယ် လူငယ်များကွန်ယက်အဖွဲ့ မှ ကိုအောင်မင်းထွန်းက "OIC သည် မြန်မာနိုင်ငံကို အစ္စလာမ်မိတ်နိုင်ငံပြုလုပ်ဖို့ ရည်ရွယ်ပြီးလာရောက်ခြင်းဖြစ်လို့ ရေတိုပင်ဖြစ်စေ လုံးဝလက်မခံနိုင်ပါဘူး၊ လုံခြုံရေး အခြေနေကြောင့် စီတန်းဆန္ဒထုတ်ဖော်လို့မရခဲ့ပေမယ့် အိမ်တိုင်း အိမ်တိုင်း၊ ဆိုင်တိုင်း ဆိုင်တိုင်းမှာ OICကို ကြက်ခြေခတ်ထားတဲ့ စာ တန်းတွေကို ချိတ်ဆွဲထားရှိပြီးတော့ ဘူးသီးတောင်ဒေသခံ တွေရဲ့ ဆန္ဒကိုဖော်ထုတ်ကြပါတယ်" အာရ်ကန်တိုင်းမ်စ်သို့ ပြော ကြားသည်။

ရသေ့တောင်မြို့တွင်လည်း နေ့လည် (၁)နာရီမှ စတင်ကာ သင်္ဃာအပါး (၂၀၀)ကျော် ဒေသခံလူထုပေါင်း (၄၀၀၀)ကျော်ခန့် OIC ကို မြန် မာ နိုင်ငံအတွင်း လုံးဝအလိုမရှိ၊ သမ္မတပြောထားသည့် ၁၉၈၂ ခု နိုင်ငံသားအက်ဥပဒေကို အကောင်အထည်ဖော်ပေးရန်၊ ရသေ့တောင် လူထု အစည်းအဝေးမှ ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်များအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့် စာတန်းများကို ကိုင် ဆောင် ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပွဲကို နေ့လည် (၂)နာရီတွင် ရုပ်သိမ်းခဲ့သည်။

ရန်ကုန်မြို့တွင်လည်း မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေး လှုပ်ရှားမှုကော်မတီမှ သင်္ဃာတော်များ နှင့် ကော်မတီဝင်များ ဦးဆောင်ကာ နေ့လည် (၁)နာရီမှစ၍ သင်္ဃာပေါင်း (၅၀၀၀)နှင့် ပြည်သူလူထု (၃၀၀၀)ကျော်ခန့်က ဆူးလေဘုရား ရှေ့ OIC ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

OICရဲ့ မူက တစ်ကမ္ဘာလုံးကို အစ္စလာမ်ဘာသာဖြစ်ရေးဆိုတဲ့ မူဝါဒနဲ့ သွားနေတာဖြစ်တယ်။ အဲဒီမူဝါဒကို ကျနော်တို့အနေနဲ့ လုံးဝလက် မခံ နိုင်တဲ့အတွက်ကြောင့် အခုလိုဆန္ဒထုတ်ဖော်ရတာပါ"ဟု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုရဲမင်းဦးက ပြောသည်။

ဆူးလေဘုရားအနီး မြို့တော်ခန်းမဘက်တွင် ရှိနေသော ဆန္ဒထုတ်ဖော်သူများနှင့် အင်တာဗျူး ပြုလုပ်မှုများအား မြို့တော်ခမ်းမရှေ့၌ လုံ ခြုံ ရေးတာဝန်ကျသူများမှတားဆီးမှုများ ရှိခဲ့ကြောင်း အာရ်ကန်တိုင်းမ်စ် သတင်းထောက် ဇင်ကီးကပြောသည်။

အထက်ဖော်ပြပါ မြို့များအပြင် မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံ တစ်ခြားမြို့များတွင်လည်း OIC ကို မြန်မာနိုင်ငံအတွင်း အလိုမရှိဆို ကြောင်း ဆန္ဒထုတ်ဖော်မှုများ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပြုလုပ်ခဲ့ကြသည်။

"ဒီလို တစ်နိုင်ငံလုံးပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုရဲ့ အကျိုးရလာဒ်ကတော့ OIC ဆက်ဆံရေးရုံး ကို မြန်နိုင်ငံမှာ လာရောက်ဖွင့်လှစ်မှာကို နိုင် ငံတော်အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ကြောင်း သတင်းအပြည့်အစုံကို မြန်မာ့ရုပ်မြင်သံကြား ဒီနေ့ ည(၈)နာရီ သတင်းမှာ ကြော်ငြာမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အခုဘဲ သူတို့အင်တာနက်စာမျက်နှာမှာ ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ပြည်သူတစ်ခုလုံး ကြိုးပမ်းမှုရဲ့ ရလာဒ်ပါဘဲ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးလိမ့်မယ်လို့လည်း ဦးဇင်းတို့က ယုံကြည်ပါတယ်"ဟု မြန်မာနိုင်ငံအမျိုးသားလှုပ်ရှားမှုကော်မတီဝင် ဦးဇင်းတစ်ပါးမှ မိန့်ကြားသည်။

OIC သည် အစ္စလာမ်ဘာသာဝင်နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ရခိုင်ပြည်တွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်း ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်း Organisation of Islamic Coperation (OIC)မှ ယင်းအဓိကရုဏ်းနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးရေးပြု လုပ်သွား မည်ကို အစိုးရအနေဖြင့် လက်ခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြည်သူများအနေဖြင့် တစ်တိုင်းပြည်လုံး ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။

No comments: