နိရဉ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော အိုအိုင်စီရုံး ဖွင့် လှစ်ရေးကိုကန့်ကွက်သည့် ဆန္ဒထုတ် ဖေါ်ပွဲတွင် လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်။
ဆန္ဒပြပွဲကို ကျောက်ဖြူလူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်း တွင် စုရပ် အဖြစ်သတ်မှတ်ပြီး နေ့ လည် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်ဟု ဆိုသည်။
ရဟန်းတော်များ၊ ကျေးလက်ဒေသမှ ပြည်သူများလည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဘုရားကြီး ကျောင်းကွင်းမှ မြို့လယ်ရှိ နာရီစင်ကွင်းထိ ချီ တက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးသန္တာမောင်မောင်က ပြောသည်။
“ လူတွေက အားရစရာ ကောင်းပါတယ်။ ဘုရားကြီးကွင်းကနေ ဈေးလမ်းအတိုင်း ချီတက်ပြီး အဲဒီ က တဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက် ပြီး နာရီစင်ကွင်းမှာ အဆုံးသတ်ပါတယ်။ တောင်းဆိုတာက အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကို အလိုမ ရှိ၊ ၁၉၈၂ မြန်မာနိုင်ငံသား အကောင်အထည် ဖေါ်ပေးပါ။ နိုင်ငံတော် သမ္မတက ကျေညာထားတဲ့ အချက် (၃) ချက်ကို အမြန်ဆုံးအ ကောင်အထည် ဖေါ်ပေးပါ ဆိုပြီး တောင်းဆိုခဲ့ကြပါ တယ်” ဟု ဆိုသည်။
ယနေ့ ဆန္ဒပြပွဲမှာ အားရစရာကောင်းကြောင်း၊ မိမိတို့၏ သဘောထားကို ငြိမ်းချမ်းစွာ ဖေါ်ထုတ်ခွင့် ရရှိသည့် အတွက် ၀မ်းသာကြောင်း ဦး သန္တာမောင်မောင်က ပြောဆိုသည်။
ကျောက်ဖြူ ဆန္ဒပြပွဲသို့ ဇင်ချောင်း၊ ဂုံးရှိန်စသည့် နယ်ကျေးရွာများမှ ပြည်သူများလည်း ပူးပေါင်း ပါဝင် ခဲ့ကြသည်ဟု သိရသည်။
ဆန္ဒပြပွဲများကို မြန်မာ အစိုးရမှ အိုအိုင်စီရုံးကို လက်မခံတော့ကြောင်း ပြောကြားပြီး နောက်ပိုင်းမှ ပြုလုပ်ရခြင်းမှာ ယခင်ကတည်းက တင် ထားခဲ့သော ဆန္ဒပြခွင့် ပါမိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာလ ၂၀ နေ့မှ ချပေး၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

No comments:
Post a Comment